Photo credit - EPICENTER twitter

EPICENTER ကတော့ Epic League dota 2 tournament ကိုကျင်းပပြုလုပ်ပေးသွားမယ်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ကျင်းပသွားမယ့်ကာလတော့ နိုဝင်ဘာလ 3 ရက်နေ့ကနေ ဒီဇင်ဘာလ 13 ရက်နေ့အထိဖြစ်ပီး online tournament အနေနဲ့သာ ပြုလုပ်သွားမှာပါ။

ဒီပြိုင်ပွဲမှာတော့ Europe နဲ့ CIS region ကနေ direct invite ရရှိတဲ့ dota 2 အသင်း စုစုပေါင်း 8 သင်းဝင်ရောက်ယှဥ်ပြိုင်ခွင့်ရမှာပဲ ဖြစ်ပါတယ်။

Invite ရရှိထားတဲ့ အသင်းတွေကတော့

Team Secret

Alliance

Team Liquid

Virtus.pro

Navi

OG

Vikin.gg

Team Nigma

တို့ပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာပေးအပ်သွားမယ့် total prize pool ကတော့ $500,000 USD ဖြစ်ပီး Team Secret ကတော့ champion ဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။

ဒါ့အပြင် အနားယူနေတဲ့ Virtus.pro ဟာ ဒီပြိုင်ပွဲမှာ roster အသစ်နဲ့ပြန်လာမှာဆိုတော့ စိတ်ဝင်စားစရာပါပဲ။

Source - EPICENTER twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။