မင်းသားချောလေး သူရိယကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားပြီး အောင်မြင်နေသူတစ်ဦးလို့ ဆိုနိုင်ပါတယ်နော်။ စိန်ဘယက်ကြော်ငြာလေးတွေကို ငယ်ငယ်လေးကတည်းက ရိုက်ကူးခဲ့တဲ့ သူရိယက အရွယ်ရောက်လာတဲ့အခါမှာလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် သူရိယက ဗီဒီယိုဇာတ်ကားတွေနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေ လက်ခံရိုက်ကူးခဲ့ရတာ ဖြစ်ပါတယ် ။

Photo Credit-"Thuri Ya-သူရိယ" FB Page
Photo Credit-"Thuri Ya-သူရိယ" FB Page

သူရိယက သရုပ်ဆောင်တော်သလို အသံလည်းကောင်းတာကြောင့် Cover Song လေးတွေကို သီဆိုလေ့ရှိတာ ဖြစ်ပါတယ် ။ အခုလို Stay Home ကာလမှာတော့ သူရိယက ပရိသတ်တွေအတွက် ဟာသဗီဒီယိုလေးတွေကို ရိုက်ကူးတင်ဆက်ပေးနေတာ ဖြစ်ပါတယ် ။ ဒီနေ့မှာလည်း သူရိယက ပရိသတ်တွေအူတက်အောင် ရယ်မောသွားစေမယ့် အခွီဗီဒီယိုလေးကို တင်ပေးလိုက်တာ ဖြစ်ပါတယ် ။

Photo Credit-"Thuri Ya-သူရိယ" FB Page
Photo Credit-"Thuri Ya-သူရိယ" FB Page

ဒီဗီဒီယိုလေးမှာတော့ သူရိယက ရန်ဖြစ်နေကြတဲ့ မကြီးစိုးနဲ့ထွန်းအိန္ဒြာဗိုလ်တို့ရဲ့အသံကို နောက်ခံထားပြီး အပီအပြင်သရုပ်ဆောင်ပြလိုက်တာ ဖြစ်ပါတယ် ။ သန့်ရှင်းရေးလုပ်သလိုလိုနဲ့ ရန်ပွဲကိုစပ်စုနေတဲ့ပုံစံမျိုး Tik Tok ဆော့ထားတဲ့ သူရိယရဲ့ဗီဒီယိုလေးက တကယ့်ကိုရယ်နေရတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချောလေး သူရိယရဲ့အခွီတလိုင်း Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Thuriya's Tik Tok Acc

Photo Credit-"Thuri Ya-သူရိယ" FB Page
@thuriyaofficial ##သူရိယ ##thuriya ##thuriyaactor

original sound - Mawkoom - Thihamawkoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။