မိုးယုစံ နှင့် စွမ်းသူတို့ ဟာ မင်္ဂလာပွဲ ကို လေးခု ခွဲ၍ ကျင်းပမယ်ဟု ဆိုခဲ့ပြီးနောက် ပထမဦးဆုံး ပွဲ ဖြစ်တဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲကို ဆီဒိုးနားမှာ ယနေ့ ကျင်းပမှာဖြစ်ပါတယ်။ Myanmarload ရဲ့ ပရိသတ်တွေ ကြည့်ရအောင်လို့ ပွဲတောင်မစသေးခင် အရင် တင်လိုက်ပါတယ်။

ဝါကျွတ် အမှီ မင်္ဂလာ ဆောင်ကြမဲ့ အနုညာရှင်တွေထဲမှာ မိုးယုစံတို့ အတွဲ ဟာ ပရိသတ်တွေ အား အကျ ဆုံး စုံတွဲ ဘဲဖြစ်ပါတယ်။ KBZ ရဲ့ သား ပိုင်းလော့လေး နှင့် ရုပ်ရှင် မင်းသမီးလေးဟာ နှစ်ဦး နှစ်ဖက်ပေါင်း ဖက်ပြီး ဘဝကို စတင်ကြတော့မှာဖြစ်ပါတယ်။

ယနေ့ကျင်းပ ခဲ့တဲ့ ဆီဒိုးနားက လက်မှတ်ရေးထိုးပွဲကို ပွဲမပြီးခင်ကြည့်ရအောင်လို့ မိုးယုစံရဲ့ လှပနေတဲ့ ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ မိတ်ကပ်ပညာရှင် ခင်စန်းဝင်းက ပြင်ပေးခဲ့တယ်လို့သိရပါတယ်။

ထို စုံတွဲ ဟာ မင်္ဂလာအကြို ဓာတ်ပုံ တွေကို ပြည်တွင်းမှာတင် မဟုတ်ဘဲ ပြည်ပမှာ ပါသွားရိုက်ခဲ့ပါတယ်။ သူမတို့ရဲ့ မင်္ဂလာဖိတ်စာကိုလဲ မြင်ဖူးအောင်လို့ ဖော်ပြလိုက်ပါတယ်။ မင်္ဂလာပွဲပြီးမှ နောက်ဆက်တွဲလေးတွေလာမယ်နော်.....

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။