ဒီကလေးလေးကတော့ New Zeland နိုင်ငံ Enderley မှာနေထိုင်တဲ့ မိဘတွေရဲ့ ကလေးလေးပဲ ဖြစ်ပါတယ်။

သူ့ကိုမွေးဖွားခဲ့တာကတော့ ပြီးခဲ့တဲ့ စနေနေ့ကဖြစ်ပီး မွေးဖွားပီး တရက်မြောက်နေ့မှာပဲ အဖြစ်ဆိုးနဲကြုံတွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

Photo credit - Daily mail

ဒီကလေးလေးဟာ မွေးဖွားပြီးချင်းနောက်တရက်ဖြစ်တဲ့ တနင်္ဂနွေနေ့ မိဘတွေ သတိနည်းနည်းလေးလွတ်ချိန်မှာ အိမ်မှာမွေးထားတဲ့ခွေးရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရတာပဲ ဖြစ်ပါတယ်။

သွေးသားနုနယ်လှတဲ့ ကလေးလေးဟာ ခွေးရဲ့တိုက်ခိုက်မှုကြောင့် ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တာကြောင့် Waikato ဆေးရုံကို အမြန်ပို့ဆောင်ပေးခဲ့ပါတယ်။

Photo credit - Daily mail

ဒါပေမယ့် ကလေးငယ်လေးဟာ အခုမှတစ်ရက်သားလေးဖြစ်တာကြောင့် သွေးသားအရမ်းနုနယ်ပီး ခွေးရဲ့ လက်သည်းနဲ့ကုတ်ခြစ် သွားနဲ့ကိုက်တဲ့ ဒဏ်တွေကို ခံနိုင်ရည်မရှိပါဘူး။

ဒါ့ကြောင့် ကလေးငယ်လေးဟာ ခွေးရဲ့တိုက်ခိုက်မှုက ရရှိတဲ့ ဒဏ်ရာတွေကြောင့်ပဲ ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။

ပရိသတ်တွေလည်း ဒီဖြစ်ရပ်လေးကို သင်ခန်းစာယူပီး မွေးကင်းစကလေးတွေကို ခွေးတွေနဲ့ ဝေးရာမှာထားပေးကြပါနော်။

Photo credit - Daily mail

Source - Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။