ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာဆိုရင်တော့ အင်ဒိုနီးရှားက မြွေတွေနဲ့ နှိပ်နယ်ပေးတဲ့ spa တစ်ခုကို ဖော်ပြပေးချင်ပါတယ်။

ဒီ spa ကတော့ Indonesia နိုင်ငံ Jakata မြို့မှာရှိတဲ့ Bali Heritage Reflexology spa ပဲဖြစ်ပါတယ်။

Photo credit - Dailymotion
Photo credit - Dailymotion

၄င်း spa ဟာ စပါးကြီးမြွေ အများအပြားကို ခန္ဓာကိုယ်ပေါ်တင်ပေးပြီး မြွေတွေမှ နှိပ်ပေးသလို ခံစားမှုမျိုး ဖြစ်စေတာ ဖြစ်ပါတယ်။

ဒီလိုပြုလုပ်ပေးတာဟာ အသားအရေနဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရှိပေမယ့် မကြောက်ဖို့တော့လိုပါတယ်။

အကယ်၍ကြောက်နေမယ်ဆိုရင်တော့ ဒီနှိပ်နယ်မှုကရတဲ့ ခံစားမှုကို အပြည့်အဝခံစားနိုင်မှာမဟုတ်ပါဘူး။

Photo credit - Dailymotion
Photo credit - Dailymotion

အခုဆို ကမ္ဘာတစ်ဝှမ်းမှာလည်း Bali Heritage Reflexology spa နည်းတူ မြွေနဲ့ နှိပ်ပေးတဲ့ အနှိပ်ခန်းတွေ အရင်ကထက် များလာခဲ့ပါပြီ။

ဘယ်လိုလဲ ပရိသတ်ကြီးရေ တခါလောက်စမ်း အနှိပ်ခံကြည့်ကြမလား....

Photo credit - Dailymotion
Photo credit - Dailymotion
Photo credit - Dailymotion
Photo credit - Dailymotion

Source - Dailymotion

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။