မင်းသားချောလေး ဇေရဲထက်ကတော့ ကိုရီးယားမင်းသားလေးလို ချောမောခန့်ညားလွန်းတာကြောင့် မိန်းကလေးပရိသတ်တွေက အပြတ်အသတ်ကြွေနေရတာ ဖြစ်ပါတယ် ။ အနုပညာအလုပ်တွေကို ရပ်နားထားခဲ့တာ အချိန်အတော်ကြာရှိနေပြီဖြစ်တဲ့ ဇေရဲထက်က ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုတော့ ဆက်လက်ရရှိနေဆဲ ဖြစ်ပါတယ် ။ ဇေရဲထက်က သူ့ရဲ့လှုပ်ရှားမှုတွေကို လူမှုကွန်ယက်ကတစ်ဆင့် အဆက်မပြတ် မျှဝေပေးနေတာလည်း ဖြစ်ပါတယ် ။

Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc

လတ်တလောမှာတော့ ဇေရဲထက်က အိမ်မှာပဲ အဘွားဖြစ်သူနဲ့အတူ အေးချမ်းပျော်ရွှင်စွာ နေထိုင်နေတာ ဖြစ်ပါတယ် ။ မြေးလိမ္မာလေးဖြစ်တဲ့ ဇေရဲထက်က သူ့ရဲ့အဘွားအပေါ်မှာ အမြဲတမ်းဂရုတစိုက်နဲ့ ချစ်ပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း ဇေရဲထက်တစ်ယောက် အိမ်မှာနေရင်း ချစ်စရာကောင်းတဲ့ အဘွားဖြစ်သူရဲ့အမူအရာလေးတွေကိုကြည့်ကာ ရယ်မောပျော်ရွှင်နေရတာပဲ ဖြစ်ပါတယ် ။

Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc

ဇေရဲထက်က "အိမ်ထဲနေပြီး စိတ်တွေပိန်လို့တဲ့ နေပြည်တော်ပြန်ရင်လည်း (၁၄)ရက်တဲ့ Qက ဟိုတယ်ကသရဲခြောက်မှာကြောက်လို့တဲ့ အဲ့လိုပဲဆိုနေတော့တယ် ကြာရင်အဘွားလည်း အရူးထောင်ရောက်တော့မယ်တူ" ဆိုပြီး အဘွားရဲ့ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ် ။ အိမ်ထဲမှာနေနေရလို့ စိတ်ညစ်သမျှကို ဖွင့်ထုတ်နေတဲ့အဘွားဖြစ်သူကို ဇေရဲထက်က ဗီဒီယိုလေးရိုက်ကာ သဘောကျနေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ဇေရဲထက်ကိုယ်တိုင်ရိုက်ကူးထားတဲ့ အဘွားဖြစ်သူရဲ့ဗီဒီယိုလေးကို အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Zay Ye Htet's FB Acc

Photo Credit-Alinn Yaung Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။