အဆိုတော်မလေး အိမ့်ချစ်ကတော့ ချစ်ရတဲ့ခင်ပွန်းသည်နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ် ။ အိမ့်ချစ်က နှစ်အတော်ကြာအောင် လက်တွဲခဲ့တဲ့ချစ်သူကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ် ။ အခုဆိုရင် အိမ်ထောင်ရေးကံကောင်းပြီး သာယာစိုပြေနေတဲ့ အိမ့်ချစ်ရဲ့ဘဝလေးကို အားလုံးကလည်း အားကျနေရတာ ဖြစ်ပါတယ် ။

Photo Credit-Eint Chit Vocalist's IG Acc
Photo Credit-Eint Chit Vocalist's IG Acc
Photo Credit-Eint Chit Vocalist's IG Acc

အိမ့်ချစ်တို့ဇနီးမောင်နှံက လက်ထပ်ပြီးမကြာခင်မှာပဲ ဘန်ကောက်ကို အလုပ်ကိစ္စနဲ့ပြောင်းရွှေ့နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ် ။ မိခင်နဲ့ခွဲခွာပြီး ဘန်ကောက်မှာနေထိုင်နေတာ အချိန်ကြာပြီဖြစ်တဲ့ အိမ့်ချစ်က အခုတော့ မြန်မာပြည်ကို ခဏပြန်လာခဲ့ပြီပဲ ဖြစ်ပါတယ် ။ ဒီနေ့မှာတော့ အိမ့်ချစ်ရဲ့ခင်ပွန်းက သူမကိုလေဆိပ်အထိ ကိုယ်တိုင်လိုက်ပို့ပေးခဲ့တာဖြစ်ပြီး မျက်ရည်ဝဲကာ နှုတ်ဆက်ခဲ့တာလည်း ဖြစ်ပါတယ် ။

Photo Credit-Eint Chit's FB Acc
Photo Credit-Eint Chit's FB Acc
Photo Credit-Eint Chit's FB Acc

ဒါကြောင့် အိမ့်ချစ်က "Bangkok ကအိမ်လေးကိုခဏခွဲပြီး အမေ့အိမ်လေးဆီ အပြေးပြန်လာပြီ Q ဝင်ရလည်းဝင်မှာပဲ အမေ့ကိုလည်းသတိရတာကိုး ယောက်ျားကတော့ ရုံးနဲ့မို့လိုက်မရတော့ မျက်ရည်လေးတွေဝဲပြီး အိမ်ပြန်သွားရှာလေပြီ " ဆိုပြီး သူမရဲ့အဖြစ်ကို ပြောပြထားတာ ဖြစ်ပါတယ် ။ အိမ့်ချစ်ကတော့ သူမချစ်ရတဲ့ခင်ပွန်းနဲ့ ဘန်ကောက်ကအိမ်လေးကိုခွဲခွာပြီး မြန်မာပြည်ကို ပြန်လာခဲ့တာပဲ ဖြစ်ပါတယ် ။ ကဲ လေဆိပ်မှာအလွမ်းသယ်နေကြတဲ့ အိမ့်ချစ်တို့ဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေနဲ့ သူတို့နေထိုင်တဲ့ ဘန်ကောက်ကအိမ်ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Eint Chit's FB Acc

Photo Credit-Eint Chit's FB Acc
Photo Credit-Eint Chit's FB Acc
Photo Credit-Eint Chit's FB Acc
Photo Credit-Eint Chit Vocalist's IG Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။