ပရိသတ်ကြီးရေ မင်းသမီးချောလေး မေကဗျာကတော့ အနုပညာအလုပ်တွေကို ရပ်နားထားရတဲ့အချိန်မှာ အွန်လိုင်းဈေးလေးရောင်းနေတာဖြစ်ပါတယ်။မေက‌ဗျာက အပြောအဆိုလည်း ချိုသာပြီး ပစ္စည်းတစ်ခုရောင်းထွက်အောင် ပြောတတ်လို့ ပရိသတ်တွေက သူမဆီက ဝယ်ယူနေကြတာဖြစ်ပါတယ်။မေကဗျာက အလုပ်ကိုအရမ်းကြိုးစားပြီး အားသွန်ခွန်စိုက်လုပ်ဆောင်တတ်တဲ့သူဖြစ်လို့ အခုဆိုရင်တော့ အလုပ်တွေ ခဏနားထားတာဖြစ်ပါတယ်နော်။

Photo Credit:May Kabyar's Facebook Page
Photo Credit:May Kabyar's Facebook Page

မေကဗျာကတော့"ကဗျာကနှလုံးရောဂါရှိတော့စကားတွေနေ့တိုင်းပြောရတော့ လူကမခံနိုင်တော့လို့ အိမ်ကတအားစိတ်ပူတာ ခု လက်ခံထားတဲ့အလုပ်ရက်တွေပြန်ဖျက်ခွင့်ပေးလို့ကျေးဇူးပါ နားရက်ရှိမှရမှာမို့ပါ ငွေကတော့လိုချင်တာပေါ့ ဒါပေမယ့် ကျန်းမာရေးကနံပါတ် ၁ ပါ အလုပ်တွေက ဆက် နားရက်လုံးဝမရှိ စကားပြောရင်အားပါ အသံကမြှင့်တာမွေးရာပါဆို ထိပြီပေါ့ခုတော့ အလုပ်တွေကို ခြားပီး ရက်တွေနားခွင့်ပေးလို့ကျေးဇူးပါ လုပ်ငန်းရှင် များအားလုံးကိုတောင်းပန်ပါတယ်နော်"

Photo Credit:May Kabyar's Facebook Page
Photo Credit:May Kabyar's Facebook Page
Photo Credit:May Kabyar's Facebook Account

"ကျွန်မမေမေ ကျွန်မသမီးလေးရဲ့ဂရုစိုက်မှု ကျွန်မ အရမ်း အားနည်းနေတာသိလို့ သမီးလေးကိုယ်တိုင်လုပ်ကျွေးသောမနက်စာ နေလည်စာကမေမေချက်ကျေးဇူးပါ သဲလေးကုသိုလ်ရအောင်ဘုရားကပ်ပြီးမှစားမယ်နော်"ဆိုပြီး သူမနေမကောင်းတဲ့အချိန်မှာ မေမေနဲ့သမီးလေးရဲ့ပြုစုမှုတွေကြောင့် ပီတိဖြစ်နေတာဖြစ်ပါတယ်။မေကဗျာတို့မိသားစုလေးကလည်း အေးအေးချမ်းချမ်းနဲ့ အရမ်းပျော်စရာကောင်းတဲ့ မိသားစုလေးပဲဖြစ်ပါတယ်နော်။

Photo Credit:May Kabyar's Facebook Page
Photo Credit:May Kabyar's Facebook Page

Source&Photo Credit:May Kabyar's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။