ပရိသတ်ကြီးရေ......အဆိုတော် အာဘွိုင်းကတော့ ဂီတလောကမှာလည်းအောင်မြင်မှုတွေရရှိထားတဲ့သူတစ်ဦးဖြစ်ပြီးတော့ မကြာသေးခင်အချိန်ကလည်း အငွေ့အသက်များဆိုတဲ့ သီချင်းတစ်ပုဒ်ထွက်ရှိခဲ့တာဖြစ်ပြီး ပရိသတ်တွေ သဘောကျအကြိုက်‌‌တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။ အာဘွိုင်းဟာ မင်းသမီးချောလေး မြတ်ရတနာကျော်နဲ့အတူ သာယာပျော်ရွှင်စရာမိသားစုဘ၀လေးကို တည်ထောင်ထားတာဖြစ်ပြီး ချစ်စရာသမီးလေး Scarlettကိုပါပိုင်ဆိုင်နေပြီဖြစ်ပါတယ်နော်.....။

Photo credit-Kyaw Phyo Tun's Facebook acc
Photo credit-Kyaw Phyo Tun's Facebook acc

အာဘွိုင်းဟာ မိသားစုအပေါ်မှာတာ၀န်ကျေပွန်တဲ့ အိမ်ထောင်ဦးစီးတစ်‌ယောက်လည်းဖြစ်ပြီး ပရိသတ်တွေကလည်း သူတို့ရဲ့မိသားစုလေးကို အားကျချစ်ခင်နေရတာဖြစ်ပါတယ်။အာဘွိုင်းရဲ့ ဇနီးချောလေးမြတ်ရတနာကျော်ဟာလည်း အသားဖွေးဖွေးဥဥလေးနဲ့ အရမ်းကိုလှတဲ့ သူလေးဖြစ်ပြီးတော့ အာဘွိုင်းတစ်ယောက် သူ့ဇနီးလေးကိုချစ်ပြီးရင်ချစ်နေရတာလည်းဖြစ်ပါတယ်နော်။

Photo credit-Kyaw Phyo Tun's Facebook acc
Photo credit-Kyaw Phyo Tun's Facebook acc

အခုဆိုရင်လည်း အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ရဲ့သမီးလေး Scarlettလေးဟာ အသက် ၂နှစ်ပဲရှိသေးပေမယ့် ဖေဖေအားကိုးရတဲ့သမီးအလိမ္မာလေးဖြစ်နေပြီဖြစ်ပြီး မကြာသေးခင်ကလည်း အာဘွိုင်းဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ "အားကိုးနေရပြီဖြစ်သော Scarlett" ဆိုတဲ့ captionလေးနဲ့အတူ သမီးလေး လာနှိပ်ပေးနေတဲ့ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Kyaw Phyo Tun's Facebook acc
Photo credit-Kyaw Phyo Tun's Facebook acc

Source & video credit-Kyaw Phyo Tun's Facebook acc

Photo credit-Kyaw Phyo Tun's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။