အမေရိကန်နိုင်ငံက အသက် 55 နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ကလေးနှစ်ယောက်ကို ပြန်လည်သတ်ဖြတ်ခဲ့ပါတယ်။
ဒီဖြစ်ရပ်လေးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်နိုင်ငံ Washington က Sudden Valley မှာဖြစ်ပွားခဲ့တာဖြစ်ပီး အမေဖြစ်သူကတော့ Michele Boudreau Deegan လို့ခေါ်တဲ့ စိတ်ပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။
Michele ဟာ သူမရဲ့ 7 နှစ်အရွယ် အမွှာသမီးလေးနှစ်ယောက်ကို ပြီးခဲ့တဲ့ သောကြာနေ့က ညဘက်အိပ်နေစဥ်မှာ ရက်ရက်စက်စက် သေနတ်ခဲ့ပစ်သတ်ခဲ့တာပဲ ဖြစ်ပါတယ်။
ကလေးတွေကို သတ်ပီးချိန်မှာဆိုရင်လည်း Michele ဟာ သူမကိုယ်သူမပါ သေနတ်နဲ့ပြန်ပစ်ပီး သတ်သေသွားခဲ့ပါတယ်။
သူတို့ရဲ့အလောင်းတွေကိုတော့ နောက်တနေ့မနက် နေ့လည်ပိုင်းလောက်မှာ ရဲတွေက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပီး ဘာ့ကြောင့်အခုလို သတ်ရတာလဲဆိုတာကိုတော့ သေသေချာချာ မသိရှိရသေးပါဘူး။
Michele ရဲ့သူငယ်ချင်းတစ်ယောက်ပြောကြားချက်အရတော့ Michele ဟာသူမရဲ့ကလေးတွေကို အရမ်းမြတ်နိုးယုယသူတစ်ယောက်ပါ.ဒါ့ကြောင့်ပဲ သူမဟာ စိတ်ကျန်းမာရေးဝေဒနါကို ခံစားနေရတာပါ လို့သိရပါတယ်။
ဘယ်လိုစိတ်ဒဏ်ရာတွေ ခံစားချက်တွေကြောင့် ကိုယ့်သမီးလေးနှစ်ယောက်လုံးကို ပြန်သတ်ပြီး ကိုယ့်ကိုကိုယ်သတ်သေခဲ့ရတာလဲ Michele ရယ်...
Source - Daily Mail
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။