ပရိသတ်ကြီးရေ အကယ်ဒမီနန္ဒာလှိုင်ကတော့ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်နော်။သူမရဲ့ချစ်ခင်ပွန်း ဦးဇေသီဟလည်း ပျော်ပျော်နေတတ်ပြီး အိမ်ထောင်ဦးစီးကောင်းတစ်ယောက်လည်း ပီသပါတယ်။နန္ဒာလှိုင်က အိမ်ထောင်ကျတာ အရမ်းကံကောင်းတာကြောင့် အခုချိန်မှာဆိုရင် သာယာလှပတဲ့ဘဝလေးမှာ စိတ်ချမ်းသာနေတာဖြစ်ပါတယ်နော်။

Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account

နန္ဒာလှိုင်တို့မိသားစုလေးက စည်းစည်းလုံးလုံးနဲ့ သိုက်သိုက်ဝန်းဝန်းရှိကြပြီး အပြန်အလှန်ဖေးမကူညီကြပါတယ်နော်။နန္ဒာလှိုင်ရဲ့ မောင်လေး စိန်ဖြိုးလှိုင်ကတော့ ယခုလတ်တလောမှာဆိုရင် ကိုဗစ်တိုက်ဖျက်ရေးအတွက် ဖောင်ကြီးမှာ တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။နန္ဒာလှိုင်တို့မိသားစုကလည်း မောင်လေးအတွက် ဂုဏ်ယူနေကြပြီး နောက်ကနေအစွမ်းကုန်ပံ့ပိုးပေးနေကြတာဖြစ်ပါတယ်နော်။

Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account

ဦးဇေသီဟကတော့ အိမ်ထဲမှာပဲနေ နေရတဲ့အချိန်လေးမှာ ချစ်ပရိသတ်တွေလည်းပျော်အောင်လို့ ခင်မင်ရင်းနှီး‌တဲ့သူတွေကို ဆေးလိုက်ထိုးနေတာဖြစ်ပါတယ်။ဦးဇေသီဟက ယောက်ဖဖြစ်သူ စိန်ဖြိုးလှိုင်ကိုလည်း အမြဲတမ်းစနောက်တတ်တာဖြစ်လို့ နန္ဒာလှိုင်ကတော့"ကိုယ့်ယောက်ျားက မိန်းမထက် စိန်စိန့်ကို ပိုချစ်တယ်"ဆိုပြီး ချစ်ခင်ပွန်းကို ပြန်လည်စနောက်ထားတာဖြစ်ပါတယ်နော်။

Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Zay Thiha's Facebook Account

Source&Photo Credit:Nandar Hlaing's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။