ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အ၀ရရှိထားကြတဲ့ ဆယ်လီအနုပညာရှင်တွေရဲ့ သားသမီးလေးတွေထဲမှာဆိုရင် အဆိုတော် စန္ဒီမြင့်လွင်ရဲ့သမီးငယ်လေး Treasureလည်းအပါအ၀င်ဖြစ်ပါတယ်နော်။ စန္ဒီမြင့်လွင်ဟာလည်း သာယာပျော်ရွှင်ဖွယ်အိမ်ထောင်တစ်ခုကို တည်ထောင်ထားနိုင်တာဖြစ်ပြီး သမီးငယ်လေးTreasureလေးကြောင့်လည်း ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ပိုမိုရရှိနေတာလည်းဖြစ်ပါတယ်။

Treasure(ခေါ်)ခင်လင်းထင်ဟာလည်း အသက်တစ်နှစ်ကျော်ရှိသွားပြီဖြစ်ပြီးတော့ ပါးဖောင်းဖောင်းနှုတ်ခမ်း‌စူစူလေးနဲ့ အရမ်းကိုချစ်စရာကောင်းနေတာဖြစ်ပါတယ်နော်။ Treasureလေးရဲ့ အသည်းယားစရာပုံစံလေးတွေကြောင့်လည်း ပရိသတ်တွေက Treasureလေးရဲ့ပုံလေးတွေကို မကြာခဏတင်ခိုင်းဖို့တောင်းဆိုကြတာလည်း တွေ့ရပါတယ်နော်.....။

အခုဆိုရင်လည်း Treasureလေးရဲ့ဘွားဘွားဟာ Treasureလေးရဲ့ အသည်းယားစရာပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။ အာ့တာကတော့ သူမရဲ့ Facebookစာမျက်နှာလေးမှာ" ဖွားဖွားဟင်းချက်နေတာကိုမီးဖိုချောင်ထဲဝင်လာလို့ရိုက်ပစ်လိုက်တယ် Sandra Dသိဖို့" ဆိုတဲ့ captionလေးနဲ့အတူ Treasureလေးရဲ့ အရမ်းအသည်းယားစရာကောင်းနေတဲ့ပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source& photo credit-Thida Khin's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။