ပရိတ်သတ်ကြီးရေ......ဗီဒီယိုဇာတ်ကားများ ရုပ်ရှင်ကားများနဲ့အနုပညာလောကထဲစတင်၀င်ရောက်လာခဲ့ပြီး ပရိတ်သတ်အားပေးမှုရရှိလာတဲ့ မင်းသမီးချောလေးပိုင်ဖြိုးသုကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ 3 Girlsရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်း အကယ်ဒမီဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိထားတာဖြစ်ပါတယ်။ ဒါ့ပြင်သုသုလေးဟာ ဒါရိုက်တာဏကြီးနဲ့အတူ သာယာပျော်ရွှင်စရာကောင်းတဲ့မိသားစုဘ၀လေးကိုလည်းတည်‌ထောင်ထားတာဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူဏကြီးဟာ သုသုလေးအပေါ်ကိုချစ်ခင်ကြင်နာတတ်တဲ့ ခင်ပွန်းတစ်ဦးလည်းဖြစ်တဲ့အပြင် နှစ်ယောက်လုံးဟာလည်း ကြည်ကြည်နူးနူးလေးနဲ့ချစ်စရာအတွဲလေးပါနော်။ ပိုင်ဖြိုးသုရဲ့ ညီမလေး နိုင်ဖြိုးဥဟာဆိုရင်လည်း သုသုလေးလို ဆရာ၀န်တစ်ယောက်ဖြစ်တဲ့အပြင် အခုလက်ရှိမှာဆိုရင်လည်း 'ဥလုံး' kitchenဆိုတဲ့ အမည်လေးနဲ့ အစားအသောက်တွေရောင်းချနေတာလည်းဖြစ်ပါတယ်နော်။

မကြာသေးမီကတော့ သုသုတစ်‌ယောက် ညီမလေး နိုင်ဖြိုးဥရဲ့ အလုပ်တွေကိုလာကူပေးရင်း ဥဥရဲ့ ဆေးထိုးတာခံလိုက်ရတာလည်းဖြစ်ပါတယ်။ အာ့တာကတော့ နိုင်ဖြိုးဥဟာ သူမရဲ့ Facebookစာမျက်နှာမှာ “ဥလုံး” Kitchen အတွက်လက်တိုလက်တောင်းခိုင်းဖို့ကောင်မလေးတစ်ယောက်ရထားတယ်ကွယ်#သုသုမ" ဆိုတဲ့ captionလေးနဲ့ ဆေးပုံလေးတွေတင်ပေးလာတာဖြစ်ပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source& photo credit-Naing Phyo Oo's Facebook acc/Paing Phyoe Thu's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။