ပရိသတ်ကြီးရေ ဟာသလူရွှင်တော်ချစ်စုကတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ချစ်စုက ဖခင်ဖြစ်သူရဲ့ အနုပညာ‌အမွေကို ဆက်ခံပြီး အငြိမ့်ပွဲတွေမှာလည်း အကောင်းဆုံး‌ဖျော်ဖြေတာဖြစ်ပါတယ်။ချစ်စုက ပျော်ရွှင်အေးချမ်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး မိဘတွေကိုလည်း ဂရုစိုက်ပေးနေတာဖြစ်ပါတယ်နော်။အခုဆိုရင်တော့ ချစ်စုက သူ့ရဲ့ချစ်ဇနီးလေးအကြောင်းကို အောက်ပါအတိုင်းရေးသားမျှဝေလာတာဖြစ်ပါတယ်။

Photo Credit:မောင်ချစ်စု And Art Of life Facebook Account
Photo Credit:မောင်ချစ်စု And Art Of life Facebook Account
Photo Credit:မောင်ချစ်စု And Art Of life Facebook Account

ချစ်စုက"လောကကြီးကပျက်ရယ်ပြုတိုင်း အဲ့ဒီမိန်းမကဘာဖြစ်တယ် ညာဖြစ်တယ် အဲ့ဒီအမက ဘယ်လိုလို့ပြောနေကြတိုင်း ကျွန်တော်ပြုံးနေမိတယ်...ကျွန်တော့်အတွက်တော့သူဟာ သံသရာအတွက် ပါရမီဖြည့်ဖက်ကောင်းပါပဲ....မိန်းကလေးတိုင်းဟာလှချင်တယ် ကျွန်တော်ဟာသဘာဝကိုပိုချစ်တယ် မိတ်ကပ်မပါလည်း သနပ်ခါးမပါလည်း ကျွန်တော့်အတွက် သဘာဝဆန်ဆန်နေပေးတက်တယ်... သူ.....ဘယ်ဟာတွေဘယ်လိုကောင်းတယ် ဘယ်အဝတ်အစား ဘယ်အလှပြင်မိတ်ကပ် ဘယ်ပစ္စည်းရယ်လို့ မပူဆာဘူး စဥ်းစားလိုက်တိုင်းကျွန်တော့်အတွက်ချည်းပဲ သူအဆင်ပြေသလိုနေပေးတယ်.... အဲ့ဒါသူပဲ....ကျွန်တော်နဲ့ သမီးအတွက်က လွဲရင် သူက ငါးပိရည် အရွက်ကြော်နဲ့စားတတ်တယ် အဲ့ဒါသူပဲ....မျက်စိနှစ်လုံးဖွင့်ကတည်းက ညအိပ်ချိန်ထိ အိမ်မှုကိစ္စအရာရာအားလုံး ခြွင်းချက်မရှိအောင်လုပ်ကိုင်ပေးတက်တယ် အဲ့ဒါသူ......

Photo Credit:မောင်ချစ်စု And Art Of life Facebook Account
Photo Credit:မောင်ချစ်စု And Art Of life Facebook Account

သူ့မိဘ အတွက် ကိုယ့်မိဘအတွက်ကို ရင်ဘက်ကြီးထဲထည့်ပြီး အချိန်ပြည့် ငြိုငြင်မှုမရှိစဥ်းစားပေးတတ်တာလည်း သူပါပဲ.....ကိုယ့်အလုပ်ကို ပင်ပန်းမှာစိုးလို့မလုပ်တတ်လုပ်တတ်အချိန်ကစပြီး ကြိုးစားဝိုင်းလုပ်ကိုင်ပေးတယ် အစစအရာရာ သူဦးဆောင်နိုင်တဲ့အထိ ကြိုးစားပေးခဲ့တယ် အဲ့ဒါသူပဲ.....ကုန်ကုန်ပြောရရင် အဓိဌာန်ခရီးတွေ အလှူအတန်းတွေ ယောဂီဝတ်ပြီး ဘုရားပေါင်းစုံ အဓိဌာန်တက်ခဲ့ချိန် အရူးတွေလို့အပြောခံနိုင်တာလည်းသူပဲ....ကုန်ကုန်ပြောရရင် ကိုယ်ဆုပန်ချိန် အနောက်ကနေပါရမီဖြည့်ပါ့မယ်လို့ ရဲရဲတောက်သစ္စာပြုရဲသူကလည်း သူပါပဲ....ဟုတ်တယ် သူ့မှာ မိတ်ကပ်မရှိဘူး ဟန်ဆောင်မှုမရှိဘူး ပတ်ချွဲနှပ်ချွဲမလုပ်တတ်ဘူး အများအမြင်မှာ လှမနေဘူး အသားမဲချင်မဲမယ် မျက်ကွင်းတွေညိုမယ်ကျမယ် သူ့မှာအဆင်းမလှခဲ့ဘူး ဒါကျွန်နော့်အတွက်အရေးမှမကြီးတာ...သူ့လို တာဝန်ကျေနိုင်မယ့် သူ့လိုပေးဆပ်နိုင်မယ့် သူ့လိုပါရမီဖြည့်နိုင်မယ့် အမျိူးသမီး ကျွန်တော့်အတွက်တော့ လောကမှာမရှိသေးဘူး....ခင်ဗျာတို့သူ့ကိုဘယ်လောက်ဆဲဆဲ ဘယ်လိုပြောပြော ဘယ်လိုဝေဖန်ဝေဖန်...ကျွန်တော့်အတွက်ကတော့ သူဟာ ....ပါရမီဖြည့်ဖက်.....သူပါပဲ....."ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။

Photo Credit:မောင်ချစ်စု And Art Of life Facebook Account
Photo Credit:မောင်ချစ်စု And Art Of life Facebook Account
Photo Credit:မောင်ချစ်စု And Art Of life Facebook Account

Source&Photo Credit:မောင်ချစ်စု And Art Of life Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။