ပရိသတ်ကြီးရေ အကယ်ဒမီပြေတီဦးနဲ့ အကယ်ဒမီအိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်ထားပြီး သားသမီးနှစ်ယောက်နဲ့ ပျော်ရွှင်နေတာဖြစ်ပါတယ်။လက်ရှိအချိန်ထိလည်း ပြေတီနဲ့အူဝဲတို့က အောင်မြင်နေကြပြီး ပရိသတ်အချစ်ကို ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်နော်။ပြေတီဦးရဲ့ သမီးချောလေး ပြေသုဒြာနဲ့ သားချောလေးဖိုးဓီတို့ကလည်း လူချစ်လူခင်ပေါများကြပါတယ်။

Photo Credit:Eaindra Kyaw Zin's IG Acc
Photo Credit:Eaindra Kyaw Zin's IG Acc
Photo Credit:Eaindra Kyaw Zin's IG Acc

အိန္ဒြာကျော်ဇင်ကတော့ ယခုလိုကာလမှာ အိမ်ထဲမှာနေရင်း ပန်းချီလေးတွေဆွဲဖြစ်နေတာဖြစ်ပါတယ်။ပြေသုဒြာလေးကလည်း အနုပညာဗီဇလေးပါလို့ မေမေနဲ့အတူ ပန်းချီဆွဲပါတယ်နော်။အိန္ဒြာကျော်ဇင်တို့သားအမိနှစ်ယောက်က သူမတို့ဆွဲထားတဲ့ ပန်းချီကားလေးတွေကို အလှူအတန်းတစ်ခုမှာ ပါဝင်လှူဒါန်းလိုက်တာဖြစ်ပါတယ်။ပြေသုဒြာလေးရဲ့ စိတ်ထားလေးကြောင့် ဖေဖေပြေတီဦးကတော့ ပီတိဖြစ်လို့မဆုံးဖြစ်နေတာပါနော်။

Photo Credit:Eaindra Kyaw Zin's IG Acc
Photo Credit:Eaindra Kyaw Zin's IG Acc
Photo Credit:Eaindra Kyaw Zin's IG Acc

အခုဆိုရင်တော့ ပြေတီဦးက"အလှူအတန်းတစ်ခုမှာ ပါဝင်ချင်တဲ့သမီးလေးရဲ့စိတ်ကို အဖေတစ်ယောက်အနေနဲ့ ဂုဏ်ယူမိပါတယ်...လှူဒါန်းချင်တဲ့စိတ် သမီးလေးကိုချစ်တဲ့စိတ်နဲ့ ကလေးကိုစိတ်ဓါတ်ခွန်အားရအောင် ဝင်ရောက်လေလံဆွဲပေးနေကြသူများကိုလည်းလေးစားစွာ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။ဒီအလှူလေးမှာ ပါဝင်ချင်သောသူများကိုလည်း #3Color_ပန်းချီပြခန်း page တွင်ဝင်ရောက်လေလံဆွဲပေးနိုင်ပါကြောင်းလေးစားစွာဖိတ်ခေါ်အပ်ပါသည် ခင်ဗျား.."ဆိုပြီး သမီးလေးအတွက် ဂုဏ်ယူနေတာဖြစ်ပါတယ်။

Photo Credit:Eaindra Kyaw Zin's IG Acc
Photo Credit:Pyay Ti Oo's Facebook Account
Photo Credit:3color ပန်းချီပြခန်း Facebook page

Photo Credit:Eaindra Kyaw Zin's IG Acc

Source:Pyay Ti Oo's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။