မင်းသားကြီးနေမျိုးအောင်ကတော့ သားနှစ်ယောက်ရဲ့ဖခင်ဖြစ်ပြီး အိမ်ထောင်ဦးစီးကောင်းလည်း ပီသပါတယ်‌နော်။နေမျိုးအောင်တို့ဇနီးမောင်နှံက သားလေးတွေကို အကောင်းဆုံးပြုစုပျိုးထောင်နေကြပြီး မိဘမေတ္တာအပြည့်အဝပေးကြတာဖြစ်ပါတယ်။နေမျိုးအောင်ရဲ့ သားကြီးလေး မင်းထိုက် ကလည်း အနုပညာကို ဝါသနာပါလို့ အလုပ်လေးတွေအနည်းငယ်လုပ်ကိုင်ထားတာဖြစ်ပါတယ်နော်။

Photo Credit:Nay Myo Aung's Facebook Account
Photo Credit:Nay Myo Aung's Facebook Account
Photo Credit:Nay Myo Aung's Facebook Account

နေမျိုးအောင်ရဲ့သားငယ်လေးကလည်း ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားမှာ ကလေးသရုပ်ဆောင်အဖြစ်ပါဝင်ခဲ့ဖူးတာဖြစ်ပါတယ်။နေမျိုးအောင်ကလည်း သားနှစ်ယောက်ကို သေချာသင်ကြားပြသပေးပြီး သူတို့ဖြစ်ချင်တာကို ပံ့ပိုးပေးတာဖြစ်ပါတယ်။အခုဆိုရင်တော့ နေမျိုးအောင်တို့မိသားစုက သားငယ်လေးရဲ့မွေးနေ့ပွဲကို အိမ်မှာပဲ သိုက်သိုက်ဝန်းဝန်း ကျင်းပပေးခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Nay Myo Aung's Facebook Account
Photo Credit:Nay Myo Aung's Facebook Account

သားငယ်လေးကတော့ သူ့ရဲ့မွေးနေ့လေးမှာ မိသားစုစုံစုံလင်လင်နဲ့ မွေးနေ့ပွဲလေးကျင်းပရလို့ အရမ်းပျော်ရွှင်နေတာပါနော်။သားငယ်‌လေးက ဖေဖေ၊မေမေတို့နဲ့အတူ မွေးနေ့ကိတ်လေးခွဲပြီး မိသားစုဝင်တွေကို ပျော်ရွှင်စွာ လိုက်ခွံ့ကျွေးနေတာဖြစ်ပါတယ်။နေမျိုးအောင်တို့မိသားစုလေးက ချစ်ချစ်ခင်ခင်နဲ့ အရမ်းနွေးထွေးကြလို့ သူတို့ရဲ့မိသားစုပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Nay Myo Aung's Facebook Account
Photo Credit:Nay Myo Aung's Facebook Account
Photo Credit:Nay Myo Aung's Facebook Account

Source&Photo Credit:Nay Myo Aung's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။