တစ်ခေတ်တစ်ခါကတည်းက အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ထင်ရှားအောင်မြင်ခဲ့တဲ့ မင်းသမီးချော မေသန်းနုကတော့ အခုချိန်အထိတိုင်အောင် ပရိသတ်တွေရဲ့အချစ်တွေကို ခံယူရရှိနေဆဲ ဖြစ်ပါတယ် ။ ဇာတ်ကားပေါင်း မြောက်မြားစွာကို ရိုက်ကူးခဲ့တဲ့ မေသန်းနုက အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ရရှိခဲ့ပါသေးတယ်။ မေသန်းနုကတော့ ရုပ်ရည်ချောမောလှပရုံသာမကဘဲ သရုပ်ဆောင်ပိုင်းမှာပါ သူမတူအောင် ထူးချွန်နေတာ ဖြစ်ပါတယ် ။

Photo Credit-Sint Sint's FB Acc
Photo Credit-Sint Sint's FB Acc
Photo Credit-Sint Sint's FB Acc

အခက်အခဲတွေကို ကျော်ဖြတ်ပြီး ပရိသတ်တွေရဲ့အရှေ့ကို ပြန်လည်ရောက်ရှိလာပြီဖြစ်တဲ့ မေသန်းနုက အနုပညာအလုပ်တွေကိုလက်ခံပြီး ရိုက်ကူးရေးတွေပြုလုပ်နေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် မေသန်းနုက ကိုယ်ပိုင်စီးပွားရေးအဖြစ် "ရွှေဆင့်" မြိတ်ဒေသထွက်ပစ္စည်း ရောင်းဝယ်ရေးကိုလည်း လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ အခုလည်း မေသန်းနုက ရွှေနန်းတော်က လက်ဝတ်ရတနာတွေနဲ့ တလက်လက်တောက်ပနေတဲ့ အလှပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။

Photo Credit-Sint Sint's FB Acc
Photo Credit-Sint Sint's FB Acc

အချိန်တွေများစွာ ပြောင်းလဲသွားပေမယ့်လည်း မေသန်းနုက အခုထိ အလှတွေမလျော့သေးဘဲ အရွယ်တင်နုပျိုလို့နေတာ ဖြစ်ပါတယ် ။ ဒါကြောင့် မေသန်းနုက လူငယ်တွေလိုက်မမှီနိုင်လောက်အောင် နုဖတ်လှပနေသလို ဆံပင်အတိုကေလေးနဲ့ အရမ်းကို ချစ်ဖို့ကောင်းနေတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော မေသန်းနုရဲ့အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Sint Sint's FB Acc

Photo Credit-Sint Sint's FB Acc
Photo Credit-Sint Sint's FB Acc
Photo Credit-Sint Sint's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။