Faze Clan ကတော့ ပြီးခဲ့တဲ့ ဆယ်လပိုင်း ၂၈ ရက်နေ့က cs:go အသင်းအတွက် တန်ဖိုးရှိတဲ့ သူနှစ်ယောက်ကို ဆုံးရှုံးခဲ့ရပါတယ်။
Faze Clan ဆုံးရှုံးခဲ့ရတာကတော့ အသင်းမှာ သုံးနှစ်ခွဲလောက် ကစားလာတဲ့ player "Niko" ရဲ့ coach ဖြစ်သူ "YNk" တို့ကိုပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် Faze Clan အနေနဲ့ လက်ရှိဝင်ရောက်ယှဥ်ပြိုင်နေတဲ့ BLAST Premier Fall 2020 ဆက်လက်ယှဥ်ပြိုင်ဖို့အတွက် အခက်အခဲတွေ ဖြစ်ပေါ်ခဲ့ပြီး olofmeister ကို stand-in အနေနဲ့ ခေါ်ယူခဲ့ရပါတယ်။
Faze အနေနဲ့ ဒီပြိုင်ပွဲကို captain ရော coach ရောမပါပဲနဲ့ ဝင်ရောက်ယှဥ်ပြိုင်ရတာဆိုတော့ အခက်အခဲတွေရှိနိုင်ပါတယ်။
ဒါ့ကြောင့် ဒီပြိုင်ပွဲပီးသွားရင်တော့ Faze Clan အနေနဲ့ အသင်းရဲ့ လိုအပ်ချက်ကို အမြန်ဆုံးအားဖြည့်ဖို့ လိုအပ်နေပါတယ်။
လက်ရှိ Faze Clan ရဲ့ ကျန်ရှိနေတဲ့ roster ကတော့
Håvard "rain" Nygaard
Marcelo "coldzera" David
Helvijs "broky" Saukants
Markus "Kjaerbye" Kjærbye
တို့ပဲ ဖြစ်ပါတယ်။
Source - Faze twitter
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။