မင်းသမီးချော လှမျိုးသဥ္ဇာနွယ်ကတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲဖြစ်တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦး ဖြစ်ပါတယ် ။ လှမျိုးသဥ္ဇာနွယ်က ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားသလို ကြော်ငြာလေးတွေလည်း ရိုက်ကူးနေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် လှမျိုးသဥ္ဇာနွယ်က အနုပညာအလုပ်တွေတစ်ဖက်နဲ့ ကိုယ်ပိုင်စီးပွားရေးကိုလည်း လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။

Photo Credit-Hla Myo Thinzar Nwe's FB Acc
Photo Credit-"ရွှေပိုးတိုက်ပုံ" FB Page
Photo Credit-Hla Myo Thinzar Nwe's FB Acc

လှမျိုးသဥ္ဇာနွယ်က " ရွှေပိုးတိုက်ပုံ" ဆိုတဲ့ ပိုးထည်ဆိုင်လေးကို ဖွင့်လှစ်ထားပြီး ကိုယ်တိုင်ဦးစီး လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ အိမ်ထောင်ကျပြီး သမီးလေးတစ်ယောက် ပိုင်ဆိုင်ထားရပြီဖြစ်တဲ့ လှမျိုးသဥ္ဇာနွယ်ရဲ့မိသားစုဘဝလေးကလည်း အားကျချင်စရာကောင်းနေတာ ဖြစ်ပါတယ် ။ အခုလည်း လှမျိုးသဥ္ဇာနွယ်က ချစ်စရာကောင်းပြီး လိမ္မာတဲ့သူမရဲ့သမီးချောလေးနဲ့အတူ ဆင်တူဝတ်ကာ ဓာတ်ဖမ်းထားတဲ့ပုံလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ် ။

Photo Credit-Hla Myo Thinzar Nwe's FB Acc
Photo Credit-Hla Myo Thinzar Nwe's FB Acc
Photo Credit-Hla Myo Thinzar Nwe's FB Acc
Photo Credit-"ရွှေပိုးတိုက်ပုံ" FB Page

လှမျိုးသဥ္ဇာနွယ်က "သီတင်းကျွတ်အခါသမယတွင် ရွှေပိုးမီးမီးလေး သွန်းဘရဏီနွယ်မှ နှစ်ဖက်ဘိုးဘိုးဘွားဘွားများ၊ မိဘနှစ်ပါး၊ ဘဘလေးလေးတီတီတို့ကို လက်ဆယ်ဖြာထိပ်မှာမိုး၍ ရိုသေလေးမြတ်စွာ ရှိခိုးကန်တော့ပါ၏။ ထို့အတူ ရွှေပိုးတိုက်ပုံ ကိုတစ်ထည်မှစ၍များစွာ အားပေးကြသော ကျေးဇူးရှင်များ အားလုံးကိုလည်း ရိုသေစွာ ရှိခိုးကန်တော့ပါ၏။ ရွှေပိုးချစ်သူ ခုနစ်ရက်သားသမီးများအားလုံး သီတင်းကျွတ် အခါသမယတွင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပြီး covid 19 ကပ်ရောဂါကြီးမှ လွတ်မြောက်ပါစေကြောင်း ရွှေပိုးမီးမီးလေးနှင့် ရွှေပိုးတိုက်ပုံမိသားစုမှ ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင် " ဆိုပြီး တင်ထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော လှမျိုးသဥ္ဇာနွယ်တို့သားအမိရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-"ရွှေပိုးတိုက်ပုံ" FB Page

Photo Credit-Hla Myo Thinzar Nwe's FB Acc
Photo Credit-"ရွှေပိုးတိုက်ပုံ" FB Page
Photo Credit-"ရွှေပိုးတိုက်ပုံ" FB Page
Photo Credit-"ရွှေပိုးတိုက်ပုံ" FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။