ပရိသတ်ကြီးရေ မြန်မာသံစဉ်တွေအပြင် ခေတ်ပေါ်သီချင်းတွေကိုပါပိုင်နိုင်တဲ့ တေးသံရှင်ဖိုးသော‌ကြာကတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်လာခဲ့တာ ဆယ်စုနှစ်မကရှိနေပြီဖြစ်ပါတယ်။ဖိုးသောကြာရဲ့ သီချင်းဟောင်းလေးတွေကလည်း ယနေ့ခေတ်ထိတိုင် မရိုးသွားဘဲ နားထောင်လို့ကောင်းနေဆဲဖြစ်ပါတယ်နော်။ဖိုးသောကြာက လက်ရှိမှာလည်း သီချင်းအသစ်တွေထွက်ဖို့အတွက် ဖြည်းဖြည်းမှန်မှန် ပြင်ဆင်နေတာဖြစ်ပါတယ်။

Photo Credit:Pho Thauk Kyar's Facebook Account
Photo Credit:Pho Thauk Kyar's Facebook Account

ဖိုးသောကြာက ပါရမီဖြည့်ဖက်ကောင်းပီသတဲ့ ဇနီးလေးကိုပိုင်ဆိုင်ထားပြီး သမီးနှစ်ယောက်ရဲ့ဖခင်လည်း ဖြစ်ပါတယ်နော်။ဖိုးသောကြာရဲ့သမီးလေးတွေက အရမ်းချစ်ဖို့ကောင်းကြလို့ လူချစ်လူခင်ပေါများနေတာဖြစ်ပါတယ်။ဖိုးသောကြာကတော့ အခုလိုအိမ်ထဲမှာနေရတဲ့ကာလမှာ သမီးနှစ်ယောက်နဲ့ ချစ်ဇနီးကို အချိန်အပြည့်ပေးပြီး ပျော်ရွှင်စရာတွေဖန်တီးပေးနေတာဖြစ်ပါတယ်နော်။

Photo Credit:Pho Thauk Kyar's Facebook Account
Photo Credit:Pho Thauk Kyar's Facebook Account
Photo Credit:Pho Thauk Kyar's Facebook Account

အခုဆိုရင်တော့ ဖိုးသောကြာက Titanic ရုပ်ရှင်ဇာတ်ကားကြီးကို ပြန်ကြည့်ပြီး အပီအပြင်ခံစားပါမယ်ဆိုမှ သမီးနှစ်ယောက်ကြောင့် TVတောင်ပိတ်လိုက်ရတာဖြစ်ပါတယ်။သမီးနှစ်ယောက်ကတော့ ဖေဖေ့ရဲ့ဘေးနားမှာ ဖုန်းကိုယ်စီကိုင်ပြီး သူတို့စိတ်ကြိုက်လုပ်နေကြတာဖြစ်ပါတယ်။ဖိုးသောကြာကတော့ သမီးတွေကိုဦးစားပေးလိုက်တဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက် မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Pho Thauk Kyar's Facebook Account
Photo Credit:Pho Thauk Kyar's Facebook Account

Photo Credit:Pho Thauk Kyar's Facebook Account

Source&Video Credit:Pho Thauk Kyar's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။