တေးသံရှင် ကော်နီကတော့ အရည်အချင်းရှိပြီး ထူးချွန်တဲ့ ဝါရင့်အဆိုတော်တစ်ဦးလို့ ဆိုနိုင်ပါတယ်နော်။ တေးသီချင်းကောင်းများစွာနဲ့ ထိပ်ဆုံးကနေ အောင်မြင်မှုတွေရရှိနေတဲ့ ကော်နီက အခုချိန်အထိ သီချင်းအသစ်တွေ ဆက်လက်ဖန်တီးနေဆဲ ဖြစ်ပါတယ် ။ ကော်နီရဲ့သီဆိုမှုဟန်ပန်တွေနဲ့ သီချင်းတွေကလည်း ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျပြီး အောင်မြင်နေတာ ဖြစ်ပါတယ် ။

Photo Credit- Connie's FB Page
Photo Credit- Connie's FB Page
Photo Credit-Tun Connie's FB Acc

သူမရဲ့လှုပ်ရှားမှုလေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေတတ်တဲ့ ကော်နီက အခုလည်း ကြိုတင်မဲပေးတဲ့အကြောင်းနဲ့ပတ်သက်ပြီး ပြောပြထားတာ ဖြစ်ပါတယ် ။ ကော်နီက ဒီနေ့မှာ သူမတို့အိမ်ကို ကြိုတင်မဲလာရောက်ကောက်ခံပေမယ့် ပုံးမပါလာလို့ စာအိတ်ပိတ်ပေးလိုက်ရမှာကို စိတ်မချဖြစ်တာကြောင့် ကြိုတင်မဲမပေးဖြစ်ကြောင်း ရေးသားထားတာ ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း ကော်နီက သူမရဲ့အမေအတွက် ကြိုတင်မဲပေးရလိုက်တာဖြစ်လို့ ပုံလေးတွေကို မျှဝေလိုက်တာလည်း ဖြစ်ပါတယ်။

Photo Credit-Tun Connie's FB Acc
Photo Credit-Tun Connie's FB Acc
Photo Credit-Tun Connie's FB Acc

ကော်နီက "အမလေးအရေးကြီးကိစ္စလေးတွေ Wall ပေါ်တက်ဟစ်လိုက်တာ အသုံးဝင်သဗျာကျေးဇူးတင်တာ အသုံးဝင်ပါ့ FB ကြီးရေ ကြိုတင်မဲလည်းအိမ်ကိုလာသွားပြီကိုယ့်အတွက်ပါ ကြိုတင်မဲပေးခွင့်ရပေမယ့်ပုံးမပါလာလို့ စာအိတ်ပိတ်ပေးလိုက်ရမှာကိုစိတ်မချဘူးဖြစ်နေတာမျိုး မဲရုံကအိမ်နားကပ်နေတာမို့ကိုယ်တိုင်ပဲ သွားပေးတော့ပါမယ် စာအိတ်တွေကနည်းနည်းကြမ်းတော့ ကော်ကပ်တာ ကပ်မရလို့အထပ်ထပ်လုပ်ရတယ် ကိုယ့်အိမ်မှာကပ်တဲ့ကော်ဘူးလေးတွေဆောင်ထားကြပါ မဲစာရွက်တော့လွတ်အောင်သတိထားကပ်ရမှာပါ အမယ်မယ် ရပ်ကွက်လူကြီးကအသစ်လားမသိဘူး စိတ်မပူဖို့ပြောသွားပါတယ်ဗျ EPC ကလည်းအိမ်ရှေ့ ဓါတ်ကြိုးနဲ့အပင် ငြိပြီးမီးပွင့်ပွင့်နေတာပိုက်လုံးနဲ့ခံပေးသွားတယ်ဗျ အမှန်ကဒီအပင်အရိပ်ရတာမှန်ပေမယ့် ဓါတ်ကြိုးတွေနဲ့ခဏခဏငြိနေတာပါ ခုတ်ရမယ်လို့ထင်ပါတယ် ကဲအမေအတွက်ကြိုတင်မဲပေးပြီးကြောင်း ပုံတွေတပျော်ကြီးကျေနပ်စွာတင်ချလိုက်ပါပြီ (မအိပ်ဘဲနဲ့ကိုစောင့်နေတာဘာမှတ်လဲ)" ဆိုပြီး ရေးသားမျှဝေထားတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Tun Connie's FB Acc

Photo Credit-Tun Connie's FB Acc
Photo Credit-Tun Connie's FB Acc
Photo Credit-Tun Connie's FB Acc
Photo Credit-Tun Connie's FB Acc
Photo Credit-Tun Connie's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။