ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်စည်ဖြိုးကတော့ မကြာခင်မှာဖခင်ဖြစ်တော့မှာဖြစ်လို့ အရမ်းပျော်ရွှင်ကြည်နူးနေတာဖြစ်ပါတယ်။ချစ်သူလေးခင်လွှမ်းကိုလည်း အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ပေးပြီး OGကအစ ကိုယ်တိုင်လိုက်အပ်ပေးတာဖြစ်ပါတယ်နော်။ခင်လွှမ်းကတော့ ပထမဆုံးရင်သွေးလေးကို မိခင်မေတ္တာအပြည့်အဝနဲ့ စောင့်ရှောက်နေတာဖြစ်ပါတယ်။

Photo Credit:Ei Thi 's Facebook Account
Photo Credit:Ei Thi 's Facebook Account
Photo Credit:Ei Thi 's Facebook Account

စည်ဖြိုးရဲ့မိဘနှစ်ပါးကလည်း မြေးဦးလေးရတော့မှာဖြစ်လို့ အတိုင်းမသိအောင်ဝမ်းသာနေပြီး ခင်လွှမ်းကို အစစအရာရာသင်ကြားပေးနေတာဖြစ်ပါတယ်။စည်ဖြိုးနဲ့ခင်လွှမ်းတို့ချစ်သူနှစ်ယောက်ကတော့ မမျှော်လင့်ဘဲ ရင်သွေးလေးရလာကြချိန်မှာ အကောင်းဆုံးပြင်ဆင်ကြပြီး ကလေးလေးကိုကြိုဆိုကြတာပါနော်။အခုဆိုရင်လည်း စည်ဖြိုးတို့နှစ်ယောက်က Pre Weddingတောင် ရိုက်နေကြပြီဖြစ်ပါတယ်။

Photo Credit:Ei Thi 's Facebook Account
Photo Credit:Ei Thi 's Facebook Account
Photo Credit:Ei Thi 's Facebook Account

စည်ဖြိုးရဲ့မေမေ ဒေါ်သီသီဝင်းကတော့ ကိုဗစ်ကာလမှာ ချွေးမလေးအတွက် အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးနေတာပါနော်။သားကြီးနဲ့ချွေးမလေးတို့အတွက် မင်္ဂလာဦးဆွမ်းကျွေးကို ဘုန်းကြီးကျောင်းမှာ စည်ဖြိုးမေမေက ကိုယ်တိုင်ပြင်ဆင်နေတာဖြစ်ပါတယ်။ခင်လွှမ်းကတော့ ယောက္ခမကောင်းနဲ့ခင်ပွန်းကောင်းကို ရရှိပိုင်ဆိုင်ထားလို့ အရမ်းကံကောင်းတဲ့မိန်းကလေးပဲဖြစ်ပါတယ်နော်။

Photo Credit:Ei Thi 's Facebook Account
Photo Credit:Ei Thi 's Facebook Account
Photo Credit:Ei Thi 's Facebook Account

Source&Photo Credit:Ei Thi 's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။