တေးရေး၊တေးဆိုတစ်ဦးဖြစ်တဲ့ အာဘွိုင်းကတော့ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ် ။ အထူးသဖြင့် ပရိသတ်တွေရဲ့ခံစားချက်နဲ့ ထပ်တူကျစေနိုင်တဲ့ အာဘွိုင်းရဲ့သီချင်းလေးတွေက အရမ်းကိုလူကြိုက်များနေတာလည်း ဖြစ်ပါတယ် ။ အာဘွိုင်းအနေနဲ့ ဂီတလမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်းနေသလို ချစ်ရတဲ့မိသားစုလေးကိုလည်း တာဝန်ကျေပွန်စွာ စောင့်ရှောက်နေတာ ဖြစ်ပါတယ် ။

Photo Credit-Sai Kaung Htet
Photo Credit-Sai Kaung Htet
Photo Credit-Sai Kaung Htet
Photo Credit-Sai Kaung Htet

အာဘွိုင်းက ချောမောလှပတဲ့ ဇနီးလေး မြတ်ရတနာကျော်နဲ့ ထိမ်းမြားလက်ထပ်ပြီးနောက်ပိုင်းမှာ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ် ။ Scarlett လို့အမည်ပေးထားတဲ့ အာဘွိုင်းရဲ့သမီးလေးက ဖေဖေနဲ့မေမေလို အချောအလှလေးပဲ ဖြစ်ပါတယ် ။ အခုလို သီတင်းကျွတ်အချိန်အခါလေးမှာတော့ အာဘွိုင်းတို့မိသားစုလေးက မီးပုံးလေးတွေနဲ့ ပျော်ရွှင်စွာဆော့ကစားရင်း ကြည်နူးစရာပုံရိပ်လေးတွေကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Sai Kaung Htet
Photo Credit-Sai Kaung Htet
Photo Credit-Sai Kaung Htet
Photo Credit-Sai Kaung Htet
Photo Credit-Sai Kaung Htet

ဒီပုံလေးတွေကိုတော့ အာဘွိုင်းတို့ဇနီးမောင်နှံက "ဝါလကင်းလွတ်သီတင်းကျွတ် အခါသမယမှာ မြန်မာပြည်သူပြည်သာအပေါင်း ဘေးအန္တရာယ်များမှကင်းဝေး၍ ကုသိုလ်ဘာဝနာများပွားများနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ " ဆိုပြီး တင်ထားတာ ဖြစ်ပါတယ် ။ အာဘွိုင်းကတော့ ချစ်ဇနီးနဲ့သမီးရဲ့မျက်နှာလေးတွေကိုကြည့်ရင်း ပြုံးပျော်ရွှင်ကာ ကြည်နူးပီတိတွေ ဖြစ်နေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အားကျချင်စရာကောင်းတဲ့ အာဘွိုင်းတို့မိသားစုလေးရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source:"Our Travel Diaries" Fb Page

Photo Credit-Sai Kaung Htet

Photo Credit-Sai Kaung Htet
Photo Credit-Sai Kaung Htet
Photo Credit-Sai Kaung Htet
Photo Credit-Sai Kaung Htet
Photo Credit-Sai Kaung Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။