ပရိသတ်ကြီးရေ မင်းသားချောကြီးဦးလွင်မိုးကတော့ အနုပညာလောကမှာ နှစ်ပေါင်းများစွာတိုင် ရပ်တည်အောင်မြင်ခဲ့ပြီး အကယ်ဒမီထူးချွန်ဆုတွေကိုလည်း ရရှိထားတဲ့ ဝါရင့်မင်းသားကြီးဖြစ်ပါတယ်နော်......။ သူဟာ ပျော်ရွှင်စရာ မိသားစုဘ၀လေးကိုပိုင်ဆိုင်ထားတာဖြစ်ပြီး မြေးလေးဖြစ်တဲ့ Liamလေးဟာလည်း ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုအပြည့်အ၀ရရှိနေတာပါ။

ဦးလွင်မိုးဟာ အနုပညာဘက်မှာသာမက စီးပွားရေးဘက်မှာလည်း အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ပြီးတော့ အများလေးစားအားကျရတဲ့ သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ လွင်မိုးရဲ့ဇနီးချောလေးဖြစ်တဲ့ မေသူဟာလည်း အခုချိန်ထိကို အရွယ်တင်နုပျိုနေဆဲဖြစ်ပြီး မိသားစုကိုအရမ်းဂရုစိုက်ကာ နေထိုင်နေတာလည်းတွေ့ရပါတယ်နော်......။

အခုကာလဟာဆိုရင်လည်း ကပ်ရောဂါအခြေအနေကြောင့် ဦးလွင်မိုးလည်းအိမ်မှာပဲအနားယူနေတာဖြစ်ပါတယ်။ မကြာသေးမီကတော့ ဦးလွင်မိုးတစ်ယောက်အိမ်မှာအနားယူရင်း ဇနီဖြစ်သူရဲ့ လက်စွမ်းပြပြီး ဆံပင်ညှပ်တာခံလိုက်ရတာလည်းဖြစ်ပြီး ဒီအကြောင်းအရာလေးကို အန်တီမေသူဟာသူမရဲ့ Facebookစာမျက်နှာမှာ "အိမ်လိုက်ညှပ်ပေးပါတယ်နော်၊ ပုံကတော့ထွက်ချင်တဲ့ပုံထွက်မယ်" ဆိုတဲ့ captionလေးနဲ့အတူ ပုံလေးတင်ပေးလာပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source& photo credit-May Thu's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။