ဒီအမွှာမိန်းကလေးနှစ်ယောက်ကတော့ ပြီးခဲ့တဲ့ 2019 ခုနှစ် ဒီဇင်ဘာလက အမေရိကန်နိုင်ငံမှာ မွေးဖွားခဲ့တာပါ။

သူတို့ရဲ့နာမည်ကတော့ Abigail နဲ့ Micaela Bachinskyi တို့ဖြစ်ပီး သူတို့ဟာ မွေးထဲက ခေါင်းခြင်းဆက်ပီး မွေးဖွားလာခဲ့တာဖြစ်ပါတယ်။

Photo credit - Daily Mail
Photo credit - Daily Mail

သူတို့မွေးဖွားလာထဲက မိဘတွေဟာ ဆရာဝန်တွေနဲ့တိုင်ပင်ခဲ့ပီး ကိုယ်ပိုင်ဘဝလေးတွေ ဖန်တီးပေးဖို့ ကျိုးစားနေခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် UC Davis ကလေး​ဆေးရုံက ဆရာဝန်တွေဟာ ဒီကလေးနှစ်ယောက်ကို မခွဲစိတ်မီ လေ့လာမှု ၊ လေ့ကျင့်မှုတွေ ပြုလုပ်ပီးမှ ယခု 2020 ခုနှစ် အောက်တိုဘာလ ထဲမှာ ခွဲစိတ်ခဲ့ကြပါတယ်။

ဒီခွဲစိတ်မှုကိုတော့ ဆရာဝန်နဲ့ nurse အယောက်သုံးဆယ်ပါတဲ့ အဖွဲ့ဟာ အောက်တိုဘာလ 23 ရက်နဲ့ 24 ရက်နေ့မှာ 24 နာရီကြာအောင်ပြုလုပ်ခဲ့ပြီး သူတို့ရဲ့ခွဲစိတ်မှုဟာ အောင်မြင်ခဲ့ပါတယ်။

Photo credit - Daily Mail
Photo credit - Daily Mail

လက်ရှိမှာတော့ ဒီကလေးလေးနှစ်ယောက်ဟာ PCIU ထဲမှာ ကုသမှုခံယူနေဆဲဖြစ်ပီး ရက်အနည်းငယ်အတွင်း စိုးရိမ်ရတဲ့ အခြေအနေမရှိပါက အိမ်ကိုပြန်ပို့တော့မယ်လို့သိရပါတယ်။

သူတို့ရဲ့သမီးလေးနှစ်ယောက်ကို အောင်မြင်စွာခွဲစိတ်ပီး ကိုယ်ပိုင်ဘဝလေးကိုပေးခဲ့တဲ့ ဆရာဝန်တွေကိုတော့ မိဘတွေက ကျေးဇူးတင်လို့ မဆုံးဖြစ်နေခဲ့ပါတယ်။

Photo credit - Daily Mail
Photo credit - Daily Mail

Source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။