Rupesh Kumarအမည်ရ အိန္ဒိယမှကောင်လေးဟာ အသက်၂၃နှစ်အရွယ်ပဲရှိပါသေးတယ်။ ဒါပေမယ့် သူဟာ သာမန်လူထက် အိုမင်းနှုန်း ၈ဆပိုမြန်တဲ့ ရှားပါးရောဂါတစ်မျိုးကိုခံစားနေရပြီး လက်ရှိမှာ အသက်၁၆ဝနှစ်အရွယ်အနေအထားရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူတစ်ဦးပဲဖြစ်ပါတယ်။

Photo credit - Nations news

သူ့ရဲ့ရောဂါဟာ Hutchinson-Gilford progeria လို့ခေါ်တဲ့ ရှားပါးရောဂါတစ်မျိုးဖြစ်ပြီး ရောဂါလက္ခဏာတွေကတော့ ဆံပင်ကျွတ်တာ၊ အရေပြားတွေလျော့ရဲကျလာပြီး အရိုးအဆစ်တွေမသန်တော့တာ၊ တစ်နည်းအားဖြင့် ခန္ဓာကိုယ်ရဲ့ အိုမင်းမှုနှုန်းဟာ သာမန်လူထက် ၈ဆပိုမြန်နေတဲ့အနေအထားပဲဖြစ်ပါတယ်။ ဒီရောဂါဟာ လူ၈သန်းလောက်မှာမှာ ရှားရှားပါးပါးတစ်ယောက်သာဖြစ်တတ်တဲ့ရောဂါလို့ သိရပါတယ်။

Photo credit - Nations news

Rupeshရဲ့ရောဂါဟာ ကုသစရာဆေးမရှိတဲ့ ရောဂါဖြစ်ပြီး အဆိုပါရောဂါဖြစ်ပွားသူတွေဟာ အသက် ၁၃နှစ်၊ ၁၄နှစ်အထိပဲအသက်ရှင်နေထိုင်နိုင်တယ်လို့သိရပါတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ Rupeshဟာ အသက်၂၃ နှစ်အထိ နေထိုင်လာနိုင်ခဲ့ပြီး နောက်ပိုင်းအနည်းငယ်သာကျန်နိုင်တော့တဲ့ သက်တမ်းမှာ အပျော်ရွှင်ဆုံးနေထိုင်သွားနိုင်ဖို့ သူ့ရဲ့မိသားစုက ထောက်ပံ့ပေးနေမယ်လို့သိရပါတယ်။

ဘဝပေးကုသိုလ်ကံကြောင့်ပဲလားမသိပေမယ့် သူခံစားနေရတဲ့ ရောဂါပုံစံကလည်း အင်မတန်ထူးဆန်းလှပါတယ်။

Photo credit - Nations news
Photo credit - Nations news
Photo credit - Nations news

Source- Nations news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။