ပရိသတ်ကြီးရေ..... ဂီတလောကမှာဆယ်စုနှစ်များစွာတိုင်ရပ်တည်အောင်မြင်နေပြီး သီချင်းအေးအေးလေးတွေကို အသံချိုချိုလေးနဲ့ ပရိတ်သတ်ရင်ထဲရောက်အောင်သီဆိုတတ်တဲ့ အဆိုတော်မလေးဝိုင်းစုခိုင်သိန်းကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ဂီတလောကမှာသာမက သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ဗီဒီယိုဇာတ်ကားများရိုက်ကူးအောင်မြင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်နော်။

Photo credit-Bling Bling
Photo credit-Bling Bling

ဝိုင်းစုဟာ အခုလက်ရှိမှာဆိုရင် အောင်လနဲ့အတူသာယာပျော်ရွှင်ဖွယ်relationshipတစ်ခုကို တည်ထောင်ထားတာဖြစ်ပါတယ်။ သူမတို့နှစ်ဦးဟာ ဝေဖန်မှုတွေနဲ့ကြုံတွေ့ခဲ့ရပေမယ့် တွဲလက်တွေမြဲစွာနဲ့ romanticဆန်ဆန်ဖြတ်သန်းနေကြတဲ့ ချစ်စရာစုံတွဲလေးပါ။ အောင်လဟာလည်း ဝိုင်းစုကိုအရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်တတ်သူလေးဖြစ်တာကြောင့် ပရိသတ်တွေအားကျချစ်ခင်ရတဲ့ စုံတွဲလေးဆိုလည်းမမှားပါဘူးနော်။

Photo credit-Bling Bling
Photo credit-Bling Bling

အခုဆိုရင်လည်းဝိုင်းစုဟာ သူမရဲ့ Facebookစာမျက်နှာလေးမှာ "Happy Thidinkyutပါ ချစ်ဆုံးတို့ရေဒီသီတင်းကျွတ်ကနေစပြီး ချစ်တဲ့မိသားစုတွေနဲ့ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြတ်သန်းနိုင်ကြပါစေကပ်ရောဂါဆိုးကြီးကနေလည်း ကမ္ဘာတစ်ဝှမ်းလုံး ကျော်လွှားနိုင်ကြပါစေလို့ ဝိုင်းစု ဆုတောင်းပေးလိုက်ပါတယ်ရှင့်" ဆိုတဲ့စာသားလေးနဲ့အတူ ချစ်စဖွယ်ပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Bling Bling
Photo credit-Bling Bling

Source-Wyne Su Khaing Thein's Facebook acc

Photo credit-Bling Bling

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။