ပရိသတ်ကြီးရေ နှင်းဝတ်ရည်သောင်းနဲ့အေးဝတ်ရည်သောင်းတို့ညီအစ်မနှစ်ယောက်ကတော့ ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာအလုပ်တွေကို လုပ်ကိုင်လာခဲ့တာဖြစ်ပါတယ်နော်။အခုချိန်မှာဆိုရင်တော့ နှင်းသောင်းက နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်နေပြီး တစ်ခါတလေမြန်မာပြည်ကို ပြန်လာလည်တာဖြစ်ပါတယ်။အေးသောင်းကတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပြီး ပရိသတ်မေတ္တာကို ခံယူနေဆဲဖြစ်ပါတယ်။

Photo Credit:Sweet Wutt Yi Thaung's Facebook Account
Photo Credit:Sweet Wutt Yi Thaung's Facebook Account

အေးသောင်းတို့ရဲ့ညီမအငယ်ဆုံးလေး ဆွိဝတ်ရည်သောင်းကလည်း အနုပညာအလုပ်တွေကို ပုံမှန်လုပ်ကိုင်နေပြီး လူငယ်ပီပီ ပျော်ပျော်ရွှင်ရွှင်နေတတ်ပါတယ်နော်။အေးသောင်းတို့ညီအစ်မသုံးယောက်လုံးက ချစ်ချစ်ခင်ခင်ရှိကြပြီး အပြန်အလှန်စနောက်တတ်ကြပါသေးတယ်။ပရိသတ်တွေကတော့ ညီအစ်မသုံးယောက်လုံးကို ချစ်ကြလို့ အခုချိန်ထိတိုင် တစ်ခဲနက်အားပေးနေကြတာဖြစ်ပါတယ်နော်။

Photo Credit:Sweet Wutt Yi Thaung's Facebook Account/Amazing Grace
Photo Credit:Sweet Wutt Yi Thaung's Facebook Account

အခုလိုသီတင်းကျွတ်အခါသမယမှာတော့ အေးသောင်းတို့မိသားစုလေးက အေးအေးချမ်းချမ်းနဲ့ ကြီးသူကိုငယ်သူက ကန်တော့ပြီး မြန်မာ့ရိုးရာဓလေ့လေးကို ထိန်းသိမ်းနေကြတာဖြစ်ပါတယ်။သီတင်းကျွတ်မှာသာ ကစားလို့ရတဲ့ မီးအရုပ်လေးကိုလည်း အေးသောင်းနဲ့ဆွိသောင်းတို့ ညီအစ်မနှစ်ယောက်က အပြိုင်အဆိုင် ကစားနေကြတာပါနော်။သူမတို့ညီအစ်မနှစ်ယောက် ကစားနေကြတဲ့ပုံလေးက ငယ်ဘဝကိုတောင် သတိရသွားစေလို့ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Sweet Wutt Yi Thaung's Facebook Account
Photo Credit:Sweet Wutt Yi Thaung's Facebook Account

Photo Credit:Sweet Wutt Yi Thaung's Facebook Account

Source&Video Credit: Sweet Wutt Yi Thaung's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။