ပရိသတ်ကြီးရေ ဒါရိုက်တာစင်ရော်မောင်မောင်ရဲ့ သားလေး မင်းသန်းမောင်မောင်ကတော့ ဖေဖေ့ရဲ့အနုပညာအမွေကို ဆက်ခံထားတာဖြစ်ပါတယ်။မင်းသန့်က နိုင်ငံခြားမှာ ရုပ်ရှင်အတတ်ပညာကို သင်ကြားလေ့လာခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာဆိုရင်တော့ မင်းသန့်က ဖေဖေနဲ့အတူ အနုပညာအလုပ်တွေကို လုပ်ကိုင်ပြီး အကောင်းဆုံးတွေကို ဖန်တီးနေတာဖြစ်ပါတယ်နော်။

Photo Credit:Min Thant Mg Mg's Facebook Account
Photo Credit:Min Thant Mg Mg's Facebook Account
Photo Credit:Min Thant Mg Mg's Facebook Account

အကယ်ဒမီမေသန်းနုကလည်း အရမ်းအားကိုးရတဲ့ သားလေးမင်းသန့်ကို အရမ်းချစ်နေတာဖြစ်ပါတယ်နော်။မင်းသန့်ကတော့ ဖေဖေနဲ့မေမေကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးနေတာဖြစ်လို့ မိဘနှစ်ပါးက အမြဲစိတ်ချမ်းသာနေရတာဖြစ်ပါတယ်။မင်းသန်းမောင်မောင်က အေးအေးဆေးဆေးနေထိုင်တတ်ပြီး သဘောထားပြည့်ဝတဲ့သူတစ်ယောက်ဖြစ်ပါတယ်နော်။

Photo Credit:Min Thant Mg Mg's Facebook Account
Photo Credit:Min Thant Mg Mg's Facebook Account

အခုဆိုရင်တော့ မင်းသန့်က ဖေဖေကြိုက်တတ်တာလေးတွေနဲ့ သီတင်းကျွတ်မှာ ကန်တော့လိုက်တာဖြစ်ပါတယ်။စင်ရော်မောင်မောင်ကလည်း"သီ တင်း ကျွတ် အ ချိန် ခါ .. သား တို့ ရုပ် ရည် သီ တာ မည် သား.."ဆိုကာ သားလေးကိုကြည့်ပြီး ပီတိဖြစ်လို့မဆုံးဖြစ်နေတာပါနော်။စင်ရော်မောင်မောင်နဲ့မင်းသန့်တို့သားအဖနှစ်ယောက်ကတော့ (၅၂၈)မေတ္တာတွေနဲ့ ချစ်မဝဖြစ်နေကြတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Zin Yaw Mg Mg's Facebook Account
Photo Credit:Zin Yaw Mg Mg's Facebook Account
Photo Credit:Zin Yaw Mg Mg's Facebook Account

Source &Photo Credit:Zin Yaw Mg Mg's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။