ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ မြင့်မြတ်၊ထူးခြား၊ကေညီနဲ့ ယုန်လေးတို့ကတော့ ညီအစ်ကိုအရင်းတွေလိုမျိုး အရမ်းခင်မင်ရင်းနှီးကြတာဖြစ်ပါတယ်။မြင့်မြတ်တို့က တစ်ယောက်ရဲ့အခက်အခဲကိုလည်း တစ်ယောက်ကကူညီပေးပြီး အပြန်အလှန်ဖေးမကြတာဖြစ်ပါတယ်။အနုပညာလောကမှာလည်း မြင့်မြတ်တို့က နေရာတစ်နေရာကနေရပ်တည်နေပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတာဖြစ်ပါတယ်နော်။

Photo Credit:K Nyi's Facebook Account
Photo Credit:Yone Lay's Facebook Account

မြင့်မြတ်ကတော့ ကိုယ်ပိုင်မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး ရိုးရိုးရှင်းရှင်းနေထိုင်နေတာဖြစ်ပါတယ်။မြင့်မြတ်ရဲ့ ချစ်ဇနီးလေးကတော့ ဒုတိယရင်သွေးလေးကိုလွယ်ထားရပြီး မကြာတော့မယ့်အချိန်မှာ မွေးဖွားတော့မှာဖြစ်ပါတယ်။မြင့်မြတ်က ချစ်ဇနီးလေးကိုလည်း ကြင်ကြင်နာနာနဲ့ ဂရုစိုက်ပေးပြီး အရမ်းချစ်လို့ ခင်ပွန်းကောင်းပီသတဲ့သူဖြစ်ပါတယ်နော်။

Photo Credit:Htoo Charr's Facebook Account
Photo Credit:Htoo Charr's Facebook Account

မြင့်မြတ်၊ထူးခြား၊ကေညီနဲ့ ယုန်လေးတို့က Liveလွှင့်ပြီးလည်း ပျော်ပျော်ပါးပါး ဈေးရောင်းကြပါတယ်။အခုဆိုရင်လည်း မြင့်မြတ်တို့အဖွဲ့က အောင်လအန်ဆန်းရဲ့ပွဲကို အားပေးနေကြရင်း သီတင်းကျွတ်မှာ ပျော်နေကြတာဖြစ်ပါတယ်။ယုန်လေးတို့ကတော့ သမီးလေးတစ်ယောက်ထပ်ရတော့မယ့် မြင့်မြတ်ကို ဝိုင်းဝန်းပြီး ဂုဏ်ပြုနေကြကာ သူငယ်ချင်းတွေ စည်းစည်းလုံးလုံးရှိနေကြတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Yone Lay's Facebook Account

Source& Video Credit:Yone Lay's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။