သရုပ်ဆောင် မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ ဆိုင်းမိုင်ဆိုတဲ့ဇာတ်ရုပ်လေးနဲ့ ပရိသတ်တွေရဲ့အားပေးမှုကို ပိုမိုရရှိခဲ့တာ ဖြစ်ပါတယ် ။ ဇာတ်လမ်းတွဲတွေများစွာရိုက်ကူးခဲ့တဲ့ ပိုးကြာဖြူခင်က အောင်မြင်မှုတွေကိုလည်း တစ်ခုပြီးတစ်ခု ရရှိလာခဲ့တာ ဖြစ်ပါတယ် ။ သရုပ်ဆောင်တော်တဲ့ ပိုးကြာဖြူခင်က ပရိသတ်တွေရဲ့အသိအမှတ်ပြု အားပေးခြင်းကိုခံထားရပြီး အနုပညာလောကမှာ နေရာရနေတာလည်း ဖြစ်ပါတယ် ။

Photo Credit-Poe Kyar Phyu Khin's FB Page
Photo Credit-Poe Kyar Phyu Khin's FB Page
Photo Credit-Poe Kyar Phyu Khin's FB Page

ပိုးကြာဖြူခင်က ယခုလက်ရှိမှာ ထုတ်လွှင့်ပြသနေတဲ့ "မာယာလှည့်ကွက်" ဇာတ်လမ်းတွဲမှာလည်း ခေါင်းဆောင်မင်းသမီးနေရာကနေ သရုပ်ဆောင်ထားတာ ဖြစ်ပါတယ် ။ ဇာတ်ရုပ်တွေကို ပီပြင်ပြောင်မြောက်အောင် သရုပ်ဖော်နိုင်တဲ့ ပိုးကြာဖြူခင်က "အဏ္ဏဝါမုန်း" ဆိုတဲ့ကောင်မလေးအဖြစ် ပါဝင်ထားတာ ဖြစ်ပါတယ် ။ အခုလည်း ပိုးကြာဖြူခင်က ရိုက်ကွင်းပေါ်က ပုံရိပ်အချို့ကို ပရိသတ်တွေအတွက် မျှဝေထားတာ ဖြစ်ပါတယ် ။

Photo Credit-Poe Kyar Phyu Khin's FB Page
Photo Credit-Poe Kyar Phyu Khin's FB Page
Photo Credit-Poe Kyar Phyu Khin's FB Page
Photo Credit-Poe Kyar Phyu Khin's FB Page

ပိုးကြာဖြူခင်က "ရိုက်နေရင်းနဲ့ အသက်ရှူကျပ်ပြီး ကိုယ့်ကိုကိုယ် သေပြီလို့တောင် ထင်ခဲ့ရတဲ့နေ့တစ်နေ့ " ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ ပိုးကြာဖြူခင်ကတော့ ပင်ပင်ပန်းပန်းသရုပ်ဆောင်ရင်း သူမရဲ့ဇာတ်ရုပ်ကို သဘာဝကျအောင် ဖန်တီးခဲ့တာ ဖြစ်ပါတယ် ။ ကဲ "မာယာလှည့်ကွက်" ဇာတ်လမ်းတွဲရိုက်ကွင်းနောက်ကွယ်က မင်းသမီးချော ပိုးကြာဖြူခင်ရဲ့အမှတ်တရပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Poe Kyar Phyu Khin's FB Page

Photo Credit-Poe Kyar Phyu Khin's FB Page
Photo Credit-Poe Kyar Phyu Khin's FB Page
Photo Credit-Poe Kyar Phyu Khin's FB Page
Photo Credit-Poe Kyar Phyu Khin's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။