Photo credit - ESL

Kpii ကတော့ Australia နိုင်ငံသားတစ်ဦးဖြစ်ပြီး သူ့ရဲ့နာမည်အရင်းကတော့ Damien Sau-jing Chok ပဲဖြစ်ပါတယ်။

သူ့ရဲ့ birth date ကတော့ 1998 ခုနှစ် 4 လပိုင်း 13 ရက်နေ့ဖြစ်တာကြောင့် kpill ဟာ အခုမှ အသက် 21 နှစ်အရွယ်သာရှိသေးတာပဲဖြစ်ပါတယ်။

သူပထမဆုံးစတင်ကစားခဲ့တဲ့ dota2 team ကတော့ AkmA ဖြစ်ပြီး 2013 ခုနှစ် လောက်က ကစားခဲ့တာပဲဖြစ်ပါတယ်။

2014 ခုနှစ် 9 လပိုင်းမှာတော့ kpii ဟာ Can’t Say Wips အသင်းကိုရောက်ရှိခဲ့ပြီး 2015 ခုနှစ် 1 လပိုင်းမှာ ၎င်းအသင်းကနေ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

2015 ခုနှစ် 2 လပိုင်းမှာတော့ kpii ဟာ MVP Phoenix အသင်းကိုရောက်ရှိခဲ့ပြီး ၎င်းအသင်းမှာ 2015 ခုနှစ် 8 လပိုင်းအထိကစားခဲ့ပါတယ်။

၎င်းအသင်းကထွက်ပြီးတာနဲ့တပြိုင်နက် kpii ဟာ EHOME.K အသင်းကိုရောက်ရှိခဲ့ပြီး 2015 ခုနှစ် 12 လပိုင်းအရောက်မှာ EHOME.Kenn ကိုရောက်ရှိခဲ့ပါတယ်။

EHOME.Keen မှာတော့ kpii ဟာ 2016 ခုနှစ် 3 လပိုင်းကုန်လောက်အထိ ကစားပြီးနောက် Newbee အသင်းကိုရောက်ရှိခဲ့ပါတယ်။

Newbee အသင်းနဲ့အတူတော့ kpii မှာ Ti 7 မှာ grand final ထိရောက်အောင်ခဲ့ပေမယ့် Team Liquid ကို 3 : 0 နဲ့ရှုံးနိမ့်ခဲ့တာကြောင့် 2nd place နဲ့သာရရှိခဲ့ပါတယ်။

အဲ့ဒီနောက် 2018 ခုနှစ် 9 လပိုင်း 10 ရက်နေ့မှာတော့ Kpill ဟာ Newbee ကနေ Mineski အသင်းကိုပြောင်းရွှေ့ခဲ့ပြီး Ti 9 ကို Mineski အသင်းနဲ့အတူ ဝင်ပြိုင်ခဲ့ပေမယ့် ရလာဒ်ကောင်းတွေတော့ ရရှိခဲ့ခြင်းမရှိခဲ့ပါဘူး။

Ti 9 အပြီး 2019 ခုနှစ် 9 လပိုင်းအရောက်မှာတော့ kpii ဟာ Mineski အသင်းကိုစွန့်ခွာပြီး TNC Predator အသင်းကိုပြောင်းရွှေ့လာခဲ့ပါတယ်။

TNC Predator အသင်းကိုရောက်​ရောက်ခြင်းမှာတော့ မှာတော့ kpii ဟာ သူ့ရဲ့ အသင်းဖော်တွေနဲ့အတူ ပထမဆုံးဝင်ရောက် ယှဥ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲသုံးခုမှာ champion ဖြစ်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Champions ဆုတွေနဲ့ ဝေးကွာခဲ့ပေမယ့် kpii ဟာ သူ့ရဲ့စွမ်းဆောင်ရည်တွေကို အမြဲထိန်းထားနိုင်တဲ့ player တစ်ယောက်ပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ kpii ဟာ TNC Predator အသင်းနဲ့အတူ Dota Summit 13 ကိုဝင်ရောက်ယှဥ်ပြိုင်နေပီး သူ့ရဲ့အနာဂတ်တွေကို ဆက်လက်ပုံဖော်လျက်ရှိပါတယ်။

Source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။