ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသားချောစည်ဖြိုးနဲ့ ခင်လွှမ်းတို့ကတော့ ရင်သွေးလေးနဲ့အတူ မကြာခင်မှာပဲ ကြည်နူးပျော်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ကြတော့မယ်ဆိုတာ ပရိသတ်တွေ သိရှိကြမှာပါနော်..။

ရင်သွေးလေးရရှိပြီးတဲ့နောက်ပိုင်း ကိုယ်ဝန်ဆောင်ချစ်သူလေးကိုလည်း စစအရာရာကိုယ်တိုင်ဂရုစိုက်ဖြစ်နေသလို မိဘနေရာရောက်မှ မိဘတွေရဲ့ ချစ်ခြင်းမေတ္တာတရားတွေကို အံ့သြမိတဲ့အကြောင်းလေး ပြောပြလာပါတယ်နော်..။

Photo Credit - Si Phyo's Fb Acc
Photo Credit - Si Phyo's Fb Acc

ကိုယ်ဝန်ဆောင်ချစ်ဇနီးလေးနဲ့အတူ သီတင်းကျွတ်အချိန်အခါလေးမှာ မိဘတွေကို ဂါဝရပြုရှိခိုးကန်တော့ခဲ့တဲ့ ကြည်နူးပီတိဖြစ်ရာပုံရိပ်လေးတွေကိုလည်း စည်ဖြိုးက ဝေမျှထားပါသေးတယ်..။

စည်ဖြိုးကတော့ သူ့ရဲ့ဖြစ်တည်ပြောင်းလဲမှုတိုင်းကို မညည်းမညူတဲ့အပြင် ကြင်သူချစ်ဇနီးနဲ့ ရင်သွေးလေးကိုလည်း လိုလိုလားလားလက်ခံပေးခဲ့ကြတဲ့ မိဘတွေရဲ့ မေတ္တာတွေကို ဖွင့်ထုတ် ပြောပြထားတာပါနော်..။

Photo Credit - Si Phyo's Fb Acc
Photo Credit - Si Phyo's Fb Acc

"ကျွန်တော်အံ့သြမိတယ်..

ကျွန်တော့်ဘဝ ကြုံသမျှပြောင်းလဲဖြစ်တည်မှုတိုင်းကို..ဟင်ဘယ်လို

ဖြစ်တာလဲ ဟာ ဒုက္ခပါပဲလို့ ဘယ်တော့မှမညည်းခဲ့တဲ့အတွက် ..

မာတာပီတ မိနဲ့ဖ သူရဲကောင်းနှစ်ယောက်ကို အံ့သြဦးခိုက်မိတယ်..

အရွယ်ရောက်လာ ကြင်သူပါလာတော့လည်း ငါ့သားဟဲ့ ငါ့သမီးဟဲ့ဆိုတဲ့ငါအစွဲ သူတော်ကောင်းပါလို့ပြောတဲ့ သူတောင်မထိန်းနိုင်ပေမယ့်..

သူစိမ်းလည်းသမီးအရင်းပမာ မုဒိတာပွားမေတ္တာထားနိုင်တော့ထပ်ပြီး အံ့သြဦးခိုက်မိပါတယ်

ခုလိုcovidကာလကြီး မမျှော်လင့်ပဲဝင်လာသူလေးကို လက်ခုတ်တီး

လို့တောင် ကြိုဆိုပေးနေပြန်တာ့ ပိုလို့ အံ့သြဦးခိုက်မိပြန်တယ်..

သီတင်းကျွတ်ချိန်ခါ မိဘနေရာရောက်မှ မိဘမေတ္တာကို..

ဒီကနေ့ အကြိမ်ကြိမ် အံ့သြဦးခိုက်နေမိတယ်.. (ဖခင်လောင်းဖိုးစည်).." ဆိုုပြီး ရေးသားပြောပြထားတာပါ..။

သီတင်းကျွတ်အချိန် ဂါဝရတရားလေးတွေနဲ့ ကြည်နူးစွာ မြင်တွေ့ရတဲ့ စည်ဖြိုးတို့ မိသားစုပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကလည်း သဘောကျကာ ဆုတောင်းစကားလေးတွေ ပြောထားကြပါတယ်နော်..။

Photo Credit - Si Phyo's Fb Acc
Photo Credit - Si Phyo's Fb Acc

Source & Photo Credit - Si Phyo's Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။