ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောလေး ချောရတနာကတော့ ပျော်ရွှင်စရာမိသားစုဘဝလေးမှာ အေးချမ်းစွာနေထိုင်နေပြီး အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေတာဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့ ကြော်ငြာတွေလက်ခံရိုက်ကူးပြီး ပွဲအခမ်းအနားတွေကို တက်ရောက်နေတာဖြစ်ပါတယ်။မိသားစုအပေါ်မှာ လိုလေသေးမရှိအောင် ဂရုစိုက်စောင့်ရှောက်ပေးနေတာကြောင့် အနုပညာအလုပ်တွေလှုပ်ရှားမှုနည်းနေပေမယ့်လည်း ပရိသတ်တွေကတော့ ချစ်ခင်အားပေးကြဆဲပဲဖြစ်ပါတယ်။

Photo credit - Chaw Yadanar 's facebook account
Photo credit - Chaw Yadanar 's facebook account

သူမကလည်း လှုပ်ရှားမှုလေးတွေကို လူမှုကွန်ယက်ထက်မှာ ဝေမျှလေ့ရှိတာဖြစ်ပြီး ပရိသတ်တွေကလည်း စောင့်ကြည့်အားပေးနေကြတာပါ။ ယနေ့မှာလည်း ချောရတနာက အနုပညာလောကထဲ စောစီးစွာ ကြွေလွင့်သွားခဲ့တဲ့ ဟာသလူရွှင်တော်ကြီး ဦးရှဲဒိုးကို သတိတရရှိနေတာဖြစ်ပြီး အငြိမ့်အတူကခဲ့တဲ့ ဗီဒီယိုလေးတစ်ခုကို လူမှုကွန်ယက် ထက်မှာ တင်ပေးလာတာပဲ ဖြစ်ပါတယ်။

Photo credit - Chaw Yadanar 's facebook account
Photo credit - Chaw Yadanar 's facebook account

ဗီဒီယိုလေးအပြင် " ချောရဲ့ အငြိမ့်အဖွင့် သီချင်းပြီးတော့ ဖနောင့် နင်း ဟာသဂွင် လေးပါ ဦးရှဲဒိုးကြီး ဒန်းစီးတဲ့နေရာ သူသိပ်လုပ်ချင်တာ အဲ့ဒါကြောင့် သူ့ကို ဝိုင်းပြီး စကြတာ မှတ်မိသေး ဦးရှဲဒိုး အလွမ်းပြေတင်ပေး လိုက်ပါတယ် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ ကဲ...ပရိသတ်တွေကလည်း လူရွှင်တော်ကြီး ဦးရှဲဒိုးကို သတိရတယ်ဆိုရင် Comments မှာ တစ်ခုခုရေးသားခဲ့ပါအုန်းနော်..... ။

Photo credit - Chaw Yadanar 's facebook account

Source & Photo credit - Chaw Yadanar 's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။