Photo credit - Evil Geniuses twitter

Evil Geniuses dota 2 team ကတော့ လုံးဝ suprise ဖြစ်သွားစေခဲ့တဲ့ သူတို့ရဲ့ roster update တစ်ခုကိုကြေညာခဲ့ပါတယ်။

Evil Geniuses ကြေညာခဲ့တာကတော့ သူတို့ဟာ Ramzes ထွက်သွားတာကြောင့် လစ်လပ်နေတဲ့ offlaner နေရာမှာ စင်ကာပူနိုင်ငံသား Iceiceice ကိုခေါ်ယူအစားထိုးခဲ့ပြီဆိုတာပဲ ဖြစ်ပါတယ်။

Iceiceice ဟာ SEA region က အကောင်းဆုံး offlaner တွေထဲကတစ်ယောက်ဖြစ်ပီး Fnatic ကထွက်ပီးထဲက free agents တစ်ယောက်​ဖြစ်နေခဲ့တာပဲ ဖြစ်ပါတယ်။

Ti အတွေ့အကြုံတွေလည်းအများကြီးရှိတဲ့ Iceiceice ဟာ EG ရဲ့ကစားကွက်နဲ့ အလွယ်တကူ အသားကြဖို့အတွက် မျှော်လင့်ရတာပါပဲ။

လက်ရှိ Evil Geniuses ရဲ့ dota 2 roster အပြည့်အစုံကတော့

Po 1- Arteezy

Po 2- Abed

Po 3- Iceiceice

Po 4- Cr1t

Po 5- fly

Coach - Bulba

တို့ပဲ ဖြစ်ပါတယ်။

Iceiceice ဟာ Abed နဲ့လည်း Fnatic မှာ အချိန်တစ်ခုလောက် အတူတွဲဆော့လာတာဆိုတော့ ယခုလို တစ်သင်းထဲ ပြန်ဆော့ရတဲ့ အချိန်မှာ အဆင်ပြေမယ်လို့ထင်ပါတယ်။

real offlaner "iceiceice" ကိုခေါ်ယူပြီး အသင်းရဲ့ roster ကိုအားဖြည့်ခဲ့တဲ့ Evil Geniuses ရဲ့ performance တွေ ဘယ်လောက်ကောင်းလာမလဲဆိုတာ စောင့်ကြည့်လိုက်ရအောင်ဗျာ......

Source - Evil Geniuses twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။