မြန်မာပေါကားများရပ် ဆိုတာကြီးကို ကိုပေါ ဇာတ်ကားနဲ့တွန်းလှန်မယ့်

စည်သူပလပ်ကျွတ်

မြန်မာဇာတ်ကားကြည့်ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ စည်သူပလပ်ကျွတ်က ခေါင်းဆောင်မင်းသားအနေနဲ့ ပထမဦးဆုံးရိုက်ကူး ဖြစ်လာမယ့် ကိုပေါ ရုပ်ရှင် ကို အောက်တိုဘာလအတွင်းမှာရိုက်ကူးသွားမှာဖြစ် အဲ့ဒီဇာတ်ကားပြီးသွားတာနဲ့ အက်ရှင်ဇာတ်ကား လူမိုက်နက္ခက်၊ ဘုမသိ ဘမသိ ဟာသရုပ်ရှင်ဇာတ်ကားတွေကို ဆက်တိုက်ရိုက်ကူးသွားမှာ ဖြစ်တဲ့အကြောငး်ကို ဒီကနေ့(အောက်တိုဘာ ၁၅ )ရက်နေ့ကအသိပေးလိုက်ပါတယ်။

"ဒီဇာတ်ကားတွေကိုရိုက်ရတာက မြန်မာပေါကားများ ရပ်ဆိုတာကို တော်လှန်ချင်တာ။ဒီဇာတ်ကားတွေထဲက ကိုပေါ ဇာတ်ကားကို ကြည့်လိုက်မယ်ဆိုရင် ရုံထဲကထွက်လာတာနဲ့ ပရိသတ်တွေ ဟာခနဲ ဖြစ်သွားရတဲ့ အထိ ကိုပေါ ဇာတ်ကားလေးကောင်းလိုက်တာဆိုပြီးတော့ ပရိသတ်တွေရဲ့မျက်ရည်တွေကိုလိုချင်တာ။ဒီဇာတ်ကားကို ဘယ်လောက်မိုက်တယ် ၊ ဘယ်လောက်အထိကြိုးစားထားကြတယ်။မြန်မာဇာတ်ကားက မပေါ တော့ဘူးဆိုတာကို ဒီဇာတ်ကားကြီးနဲ့တွန်းလှန်ချင်တယ်ဗျာ" လို့စည်သူပလပ်ကျွတ်က ပြောပြခဲ့ပါတယ်။

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။