သဘာဝတရားကြီးဟာ အရမ်းလဲလှပသလို အရမ်းလဲ အန္တာရာယ်ရှိပါတယ်။ အင်မတန်မှကြောက်စရာကောင်းပြီး ဘယ်အချိန်ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ကြပါဘူး။ ခန့်မှန်းလိုပဲရတာပါ... အတိအကျကြီးမသိနိုင်ကြပါဘူး။ အဲ့လိုသဘာဝကြီးကြောင့်ပဲ ကမ္ဘာကြီး ပျက်သုတ်းနိုင်ပါတယ်။ သဘာဝဘေးအန္တာရယ်ကို ဘယ်သူမှမတားစီးနိုင်ကြပါဘူး။အခုဆိုရင်လဲဖြစ်ပေါ်နေလျက်ရှိပြီး အင်မတန်မှကြောက်စရာကောင်းပါတယ်။ 

အဲ့လိုသဘာဝကြီးထဲက ကမ္ဘာကြီးအတွက် အန္တာရာယ်ရှိနိုင်တဲ့ ထိပ်တန်းတွေကတော့ ယခုဖော်ပြသွားမဲ့ အရာတွေပါပဲ။ Thunder Snow ဆိုတာမျိုးက အရမ်းကိုထူးဆန်ပြီး ကြောက်လန့်စရာပါ။ နှင်းလဲကျ မိုးကြိုးတွေလဲ ပစ်နေလို့ Thundersnow လိုခေါ်တာပါ။ နောက်တစ်ခုကတော့ စတာလင်းငှက်တွေ အုပ်စုလိုက်ပျံသန်းနေချင်းပဲဖြစ်ပါတယ်။ ငှက်တွေက ရာသီဥတုအကြောင်းကို ပိုသိကြစမြဲပါ။ 

ပန်းကန်ပြားပျံလိုတိမ်တွေဟာလဲ သဘာဝတရားလိုသာပြောတယ်ကြောက်စရာပါ။ တိမ်တွေကပုံစံမျိုးစုံမြင်နိုင်ပေမဲ့ ဒီလိုပန်းကန်ပြားပျံလို တိမ်ကြတော့တွေးစရာပါ။ တကယ်လို့ တကယ်ပန်းကန်ပြားပျံတွေတာ ဖြစ်နေမယ်ဆိုရင် ဘာတွေဖြစ်တော့မှာလဲ။ မိုးကြိုးတွေ ပစ်ရင် အပေါ်ကနေအောက်ကိုပစ်တာက ဖြစ်နိုင်သေးတယ်။ ဒါပေမဲ့ အောက်ကနေအပေါ်ကိုပစ်ရင်တော့ ပုံမှန်မဟုတ်တော့ပါဘူး။ပင်လယ်ရဲ့အငွေတွေက နံံရံလိုဖြစ်နေရင် သင်အရှေ့ကိုမြင်နိုင်မှာတဲ့လား....... အင်မတန်ကိုထူးခြားလွန်ပါတယ်။ 

တိမ်တွေဆူနာမီ လိုဖြစ်နေတာဘာကြောင့်လဲ။ ၂၀၁၂ ဖလောရီဒါ မှာ တိမ်တွေဆူနာမီလိုမျိုးဖြစ်ခဲ့ပါတယ်။ နောက်ဆုံးကိစ္စကတော့ မိုးတွေဗုံးကျဲသလို ရွာချတာပါပဲ။ အဲ့လိုမျိုးမိုးတွေ ကျတဲ့ဟာကိုကြည့်ချင်းအားဖြင့် အင်မတန်မှကြောက်စရာကောင်းပါတယ်။ မိုးတွေအဲ့လိုမျိုးသာရွာရင် အနီးအနားကသူတွေတော့ သေကြေကုန်မှာပဲ။ အဲ့လိုမျိုး သဘာဝတရားကြီးက ကြောက်စရာကောင်းနေတာပါ။ 

သတင်းအရင်းမြစ် Cracked

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။