ကမ္ဘာသမိုင်းမှာ မျိုးသုန်းပျောက်ကွယ်သွားတဲ့ တိရစ္ဆာန်တွေ အများကြီးရှိပါတယ်။ အဲ့လိုပျောက်ကွယ်သွားပေမဲ့ တချို့ကတော့ မျိုးရိုးပုံစံတွေပြောင်းလဲကာ ယနေ့တိုင်ရှိနေပါသေးတယ်။ ဒါပေမဲ့ ဒဏ္ဍာရီဇာတ်လမ်းတွေထဲက သတ္တဝါတွေရော အပြင်မှာရှိခဲ့ပြီး မျိုးသုန်းပျောက်ကွယ်သွားပြီးလား။ ဒဏ္ဍာရီဆိုတာကလဲ လူတွေရဲ့ ပါးစပ်ဖျားကဆိုပေမဲ့ လက်တွေ့မှာ တကယ်ရှိခဲ့ရင် ဘယ်လိုတွေဖြစ်ကုန်မှာလဲ။

တစ်နေ့မှာ သင်ဟာ ညနက်ကြီးတောထဲမှာ လမ်းပျောက်နေချိန် ခွေးအူးတဲ့အသံကို ကြားနိုင်ပါလိမ့်မယ်။ ခွေးအူးတဲ့ချိန်မှာ သင်ပထမဆုံးတွေးမိမှာက သရဲဆိုတာကိုပဲ အရင်တွေးမိနိုင်ပါတယ်။ တကယ်တော့အာ့ သရဲမဟုတ်ပါဘူး။ ဒဏ္ဍာရီထဲက Hellhound လို့ခေါ်တဲ့ အလွန်ကြီးမားတဲ့ ခွေးကြီးပဲဖြစ်ပါတယ်။ အဲ့လိုခွေးကို တခြားခေါ်တဲ့ နာမည်ကတော့ " သေခြင်းတရားကို သယ်ဆောင်သူ " လို့ခေါ်ကြပါတယ်။ 

သူတို့က သေတော့မဲ့လူတွေကို ဘဝနှစ်ဘဝထဲက တစ်ဘဝကို လမ်းဆောင်ခေါ်ဆောင်သွားလေ့ရှိပါတယ်။ သူတို့ရဲ့ ခွန်အားနဲ့ ဖျက်လက်သွက်လက်မှုတွေက သူတို့နဲ့တန်တူအရွယ်အစားရှိတဲ့ အကောင်တွေကိုတောင်မှ အသာစီးယူကာ ရင်ဆိုင်နိုင်ပါတယ်။ သူတို့တွေဟာ ရုပ်ရှင်နဲ့ Game တွေထဲမှာလဲ ထဲ့သွင်းထားကြပါတယ်။ အဲ့ခွေးကြီးမျိုးတွေက အပြင်မှာ ရှိနိုင်ကာ Demon Dog လို့ခေါ်ကြပါတယ်။

သတင်းအရင်းမြစ် Cracked

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။