နိုင်ငံခြားသား ဗုဒ္ဓဘာသာဝင်များ၏ အကြောင်း

မြန်မာနိုင်ငံဟာ ထေရဝါဗုဒ္ဓသာသနာထွန်းကားရာနိုင်ငံဖြစ်တဲ့ အတွက် မြန်မာနိုင်ငံသား မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များ ရှိသည်မှာ မထူးဆန်းတော့ပေ။ သို့သော် ယခုအခါ နိုင်ငံခြားသားဗုဒ္ဓဝင်များလည်း ရှိနေပြီဖြစ်သည်။ နိုင်ငံခြားသားများ ဘုရားတက်ဝတ်ပြုနေပုံများ အခါကြီးရက်ကြီး ကုသိုလ်ပွဲများတွင် ပါဝင်လှုပ်ရှားနေပုံများ ဝိပသနာတရားပွားများအားထုတ်နေပုံများကို ကျွန်တော်တို့ ပတ်ဝန်းကျင် နှင့် လူမှုကွန်ယက်ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် တွေ့လာရပြီဖြစ်ပါသည်။

ထို့ပြင် နိုင်ငံခြားသားရဟန်းများပင် ရှိနေပြီဖြစ်ပါသည်။ ယနေ့လူမှုကွန်ယက်ပေါ်တွင် နိုင်ငံခြားသားရဟန်းတစ်ပါးနှင့် ပတ်သတ်၍ ႋ"Myanmar Plaza,market placeမှာ ရဟန်‌းတပါးဝိနည်‌း‌တော်‌နှင်‌့အညီရပ်‌ပြီးမိမိရဲ့ဒကာမ‌တွေ‌စျေးဝယ်‌စောင်‌့‌နေတာငြိမ်‌သက်‌တပြီးမျက်‌လွှာချ‌နေ‌စဉ်‌၊လူ‌တွေကပထမ‌တော့အရုပ်‌လိုလိုထင်‌‌နေရာကကြည်‌ဖွယ်‌ရဟန်‌းတပါးဖြစ်‌‌နေ‌ကြောင်‌းသိရ‌တော့ထိုင်‌ကန်‌‌တော့ကြ၊ပစ္စည်‌းလှူဒါန်‌းကြနဲ့ကြည်‌ညိုဖွယ်‌‌

တွေ့ခဲ့ရပါတယ်‌။

သူရဲ့ရဟန်‌းဒကမကြီး‌ပြောပြတာက Czech

လူမျိုးဖြစ်‌ပြီး‌ရှွေဥမင်‌‌ကျောင်‌းဆရာ‌တော်‌ဆီမှာရဟန်‌းအဖြစ်‌‌လေးဝါသီတင်‌းသုံး‌နေ‌ကြောင်‌းသိရပါတယ်‌။သာဓုသာဓုသာဓု‌ခေါ်ဆိုအပ်‌ပါတယ်" ဆိုတဲ့ Post တစ်ခုကို လူမှုကွန်ယက်ပေါ်မှာ တွေ့မြင်ခဲ့ပါတယ်။

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။