ချစ်စရာကောင်းပြီး ပွင့်လင်းကာ ကလေးတစ်ယောက်လို ဖြူစင်သူလေးမို့ ပရိသတ်တွေအားလုံးက ချစ်ခင်အားပေးနေကြရတဲ့ အကယ်ဒမီမင်းသမီးချောလေးကတော့ စိုးပြည့်သဇင်ပဲ ဖြစ်ပါတယ်နော်..။

ကျရာဇာတ်ရုပ်တွေကို ပီပြင်ပိုင်နိုင်တဲ့ စိုးပြည့်လေးဟာ ရိုးရှင်းအေးချမ်းတဲ့ အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားကာ ယောကျ်ားလေးမိန်းကလေး ပရိသတ်မရွေး အားလုံးက ချစ်ခင်နကြရသူလေးပါ..။

Photo Credit - Soe Pyae Thazin's Fb Acc
Photo Credit - Soe Pyae Thazin's Fb Acc
Photo Credit - Soe Pyae Thazin's Fb Acc
Photo Credit - Soe Pyae Thazin's Fb Acc
Photo Credit - Soe Pyae Thazin's Fb Acc

ချစ်ရတဲ့စိုးပြည့်လေးကတော့ သူမရဲ့မိခင်ဖြစ်သူရဲ့ မွေးနေ့ရက်လေးမှာ မွေးနေ့ပွဲလေးကိုယ်တိုင် စီစဉ်ပြင်ဆင်ပြီး Surprise လုပ်ပေးခဲ့တာ တွေ့ရပါတယ်နော်..။

မေမေမသိအောင် တစ်ယောက်တည်းပြင်ဆင်နေရင်း မွေးနေ့ပွဲလေးအတွက်အလှဆင်နေတဲ့ စိုးပြည့်လေးရဲ့ ပုံရိပ်လေးတွေကတော့ တကယ်ကို ချစ်စရာကောင်းလွန်းနေတာမို့ ပရိသတ်တွေလည်း သဘောကျနေကြမှာပါ..။

Photo Credit - Soe Pyae Thazin's Fb Acc
Photo Credit - Soe Pyae Thazin's Fb Acc
Photo Credit - Soe Pyae Thazin's Fb Acc
Photo Credit - Soe Pyae Thazin's Fb Acc
Photo Credit - Soe Pyae Thazin's Fb Acc

"Happy birthday မေကြီး...ပျော်ရွှင်ပါစေ...

Surprise လေးပေါ့နော်..မေမေ မသိအောင်စီစဉ်ရတာ...မေမေပျော်ရင်သမီးပျော်တယ်.." ဆိုပြီး သူမမိသားစုလေးရဲ့ မွေးနေ့ဖြတ်သန်းပုံရိပ်လေးတွေကို ဝမျှထားတာပါ..။

ချစ်စရာကောင်းသလို ပျော်စရာလည်းကောင်းကြတဲ့ စိုးပြည့်လေးတို့ရဲ့ ပုံရိပ်လေးတွေကိုကြည့်ရင်း ပရိသတ်တွေလည်း အပျော်လေးတွေ ကူးစက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။

Photo Credit - Soe Pyae Thazin's Fb Acc
Photo Credit - Soe Pyae Thazin's Fb Acc
Photo Credit - Soe Pyae Thazin's Fb Acc
Photo Credit - Soe Pyae Thazin's Fb Acc
Photo Credit - Soe Pyae Thazin's Fb Acc

Source & Photo Credit - Soe Pyae Thazin's Fb Acc 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။