အဖွဲ့သားတွေပျော်ရအောင်လို့ သန်လျင်ကခြံကျယ်ကြီးထဲမှာ စားသောက်ဖို့အတွက် ကိုယ်တိုင်လက်စွမ်းပြပြီး ကြော်ချက်နေတဲ့ ဝေဠုကျော်

//s9.kh1.co/a4/a40a538d9660000f0758bb20346af7eded830dd8.jpg
အနုပညာရှင်များ

 ၃၀-နို-၂၀၂၀ ၇pm · လွန်ခဲ့သော ၃ နှစ် က

အဖွဲ့သားတွေပျော်ရအောင်လို့ သန်လျင်ကခြံကျယ်ကြီးထဲမှာ စားသောက်ဖို့အတွက် ကိုယ်တိုင်လက်စွမ်းပြပြီး ကြော်ချက်နေတဲ့ ဝေဠုကျော်

ပရိသတ်ကြီးရေ ရုပ်ရှင်မင်းသားတစ်လက်ဖြစ်တဲ့ ဝေဠုကျော်ကတော့ လက်ရှိမှာဆိုရင် ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်ပြီး ပျော်မွေ့နေတာဖြစ်ပါတယ်။ဝေဠုကျော်တို့အဖွဲ့သားတွေက ဘယ်အရာမဆို တက်ညီလက်ညီနဲ့အများအကျိုးသယ်ပိုးကြလို့ လေးစားစရာကောင်းတဲ့လူတွေဖြစ်ပါတယ်နော်။ဝေဠုကျော်ကတော့ အဖွဲ့သားတွေနဲ့အတူ တန်ဆောင်တိုင်လပြည့်ညမှာ ပျော်ပျော်ပါးပါး ချက်ပြုတ်စားသောက်ကြတာဖြစ်ပါတယ်။ 

Photo Credit:Wai Lu Kyaw Foundation's Facebook page

"(30-11-2020)တန်ဆောင်တိုင်လပြည့်ည၊သန်လျင်ခြံ ဖောင်ဒေးရှင်း အဖွဲ့ဝင်များရဲ့ ကထိန် ၂၇ ကျောင်း အောင်ပွဲ ပျော်ပျော်ပါးပါး ကြော်ချက်စားကြပါတယ်။ပံ့သုကူပစ်ကြပါတယ်။မနက်ပိုင်း နဲ့ ညဦးပိုင်းတွေမှာ
ထိစပ်၊ P+တွေသယ် ၊ကထိန်အတွက် အဖွဲ့တွေခွဲ ခရီးထွက်ကြပြီး ညသန်းခေါင်မှာ လုပ်ရတဲ့ပွဲလေးပါ။ဆေးပေါင်းခတဲ့အချိန်မှာ ခြံထဲက မယ်ဇလီပင်က အဖူးတွေခူးပြီး ပြုတ်သုပ်စားကြပါတယ်။အဖွဲ့မှာက စားဖိုမှူးလည်း ပါဝင်တာကြောင့် သူနဲ့ ကိုဝေဠုကျော်တို့ ဦးဆောင် လက်စွမ်းပြထားတာ ကောင်းမှကောင်းပါ။ဒီနှစ်အစီအစဥ်မရှိဘဲ မိသားစုကထိန်တစ်ခု လှူရာကကထိန်၂၆ခု ကို အလှူရှင်များကိုယ်စား လှူပေးခွင့်ရခဲ့ပါတယ်။ကထိန်စီစဥ် လှူရာမှာ တချို့အလှူရှင် ၂ယောက်ပေါင်း၊ ၃ယောက်ပေါင်းတွေလည်း ပါဝင်သွားပါတယ်။

Photo Credit:Wai Lu Kyaw Foundation's Facebook page
Photo Credit:Wai Lu Kyaw Foundation's Facebook page
Photo Credit:Wai Lu Kyaw Foundation's Facebook page
Photo Credit:Wai Lu Kyaw Foundation's Facebook page
Photo Credit:Wai Lu Kyaw Foundation's Facebook page
Photo Credit:Wai Lu Kyaw Foundation's Facebook page

ကထိန် အလှူများမှာ တစ်စုံတစ်ရာ အဆင်မပြေမှုများ စိတ်တိုင်းမကျမှုများ ရှိခဲ့ပါရင် ကျွန်မရဲ့အစီအစဥ် ညံ့ဖျင်းမှုကြောင့်သာ ဖြစ်လို့ အလှူရှင်များအား အနူးအညွတ် တောင်းပန်အပ်ပါတယ်။ပကာသနမပါ ရိုးရှင်းတဲ့ ကထိန်၂၇ခုကို တစ်နှစ်ထဲမှာ ကပ်လှူခွင့် ရခဲ့လို့ ပီတိ အရမ်းဖြစ်ရပါတယ်။ကိုယ်စားကပ်လှူခွင့် ရခဲ့လို့လည်း အလှူရှင်များအား ကျေးဇူးအထူးတင်ရှိပါတယ်။နောင်နှစ်ကထိန်တွေမှာလည်း ပကာသနမဖတ်တဲ့အနှစ်သာရစစ်စစ် ရိုးရှင်းလှတဲ့ ကထိန်တွေကို အလှူရှင်များနဲ့အတူ ထပ်မံ ကျင်းပချင်ပါသေးတယ်ရှင်။"‌ဆိုပြီး ဝေဠုကျော်ဖောင်ဒေးရှင်းကနေ ပျော်စရာပုံရိပ်လေးတွေကို တင်ပေးလာတာဖြစ်ပါတယ်နော်။

Photo Credit:Wai Lu Kyaw Foundation's Facebook page
Photo Credit:Wai Lu Kyaw Foundation's Facebook page
Photo Credit:Wai Lu Kyaw Foundation's Facebook page
Photo Credit:Wai Lu Kyaw Foundation's Facebook page
Photo Credit:Wai Lu Kyaw Foundation's Facebook page
Photo Credit:Wai Lu Kyaw Foundation's Facebook page

Source &Photo Credit:Wai Lu Kyaw Foundation's Facebook page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T