ရုပ်ရှင် သရုပ်ဆောင်ဖွေးဖွေးဟာ သူမရဲ့ ခန္ဓာကိုယ် နှင့်ပတ်သက်ပြီး ထွက်လာတဲ့ အတင်းသတင်းတွေကို ယခုလိုဘဲပြောကြားသွားပါတယ်.....

'အပျိုစင်' အမျိုးသမီး လစဉ်သုံး ကြောငြာကို ဖွေးဖွေးရယ်၊ ခိုင်သင်းကြည်ရဲ့ သမီး စံထိပ်ထားဦးရယ်၊ ထူးအိမ်သင်ရဲ့သမီး မိကွန်ထော ရိုက်ကူးနေတဲ့ ရိုက်ကွင်းမှာ Myanmar Celebrity ကနေပြီးတော့ အင်တာဗျူးလုပ်ခဲ့ပါတယ်။

ထို အင်တာဗျူးမှာတော့ ဖွေးဖွေးက သူမဟာ ယခုတလော ပြေတီဦး နှင့်အတူ လိပ်ပြာထောင်ချောက် ရုံကြီးကားကို ဒါရိုက်တာဝိုင်း နှင့်ရိုက်နေတယ်လို့ပြောပြီး နားရက်ရတဲ့ အတွက် ဒီကြော်ငြာလေးကို ရိုက်ကူးတယ်လို့ဆိုပါတယ်။ သူမဟာ ရာသီဥတု ပူလို့ အခုနည်းနည်းပြန်တင်နေတယ်လို့ပြောပြီး gym ကိုတော့ personal trainer က အလုပ်ထွက်သွားလို့ မသွားဖြစ်ကြောင်းပြောပါတယ်။ သူမရဲ့ ခန္ဓာကိုယ် နှင့် ပတ်သက်ပြီးတော့ မေးတဲ့ အခါမှာတော့ 'သူများတွေ ပိန်ပိန်သေးသေးလေးတွေတော့ လှပါတယ်။ ဖွေးက မြန်မာမင်းသမီးတွေလိုမျိုး ဖွံ့ဖွံ့ထွားထွား ဘဲ ကြိုက်တယ်' ဆိုပြီးပြောပါတယ်။

အမျိုးသမီး လစဉ်သုံးနှင့်ပတ်သက်ပြီးမေးမြန်းတဲ့အခါမှာတော့ 'လစဉ်သုံး အမျိုးသမီးဆိုတော့ အမျိုးသမီးတွေ အတွက်ကောင်းတာပေါ့နော်။ ဟို ယောက်ျားလေးတွေလဲ ကိုယ့်ချစ်သူအတွက် ဝယ်ပေးလို့ရတာပေါ့နော်' ဆိုပြီး နောက်သွားပါသေးတယ်။

စံထိပ်ထားဦးကလည်း ဒီကြော်ငြာက ပထမဦးဆုံးရိုက်ဘူးတဲ့ကြော်ငြာဖြစ်ကြောင်း ငယ်ငယ်တုန်းက Celin ကြော်ငြာရိုက်ကူးခဲ့ပေမဲ့လဲ အသိစိတ်ရှိတုန်းရိုက်ကူးတာက ဒီကြော်ငြာဖြစ်ကြောင်းပြောသွားပါတယ်။

အဆိုတော် ထူးအိမ်သင်ရဲ့ သမီး မိခွန်ထောကလည်း ကျောင်းပိတ်ထားတုန်းမို့လို့ ခဏရိုက်ကူးတာပါလို့ ဆိုပြီး သူအရမ်းကြိုက်တဲ့ ဖွေးဖွေးလည်းပါလို့ ဒီကြော်ငြာလေးကို ရွေးဖြစ်တာပါလို့ဆိုခဲ့ပါတယ်။

ပရိသတ်တွေကလည်း....

ကယ် ကိုယ်တို့က ဖွံ့ဖွံ့ထွားထွားဘဲကြိုက်တယ်နော်.....

Anna

Source : myanmar celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။