ပရိသတ်ကြီးရေ.. အဆိုတော်ဆန်းသစ်လကတော့ သူမရဲ့အသံချိုချိုလေးနဲ့ သီချင်းကောင်းလေးတွေ သီဆိုဖန်တီးမှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားသူပါပဲ..။ အောင်မြင်မှုတွေနဲ့ အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းနေတဲ့ သူမကတော့ ချစ်စရာသမီးလေးကိုလည်း မွေးဖွားထားပြီး ကြည်နူးစရာမိသားစုဘဝလေးကို ဖြတ်သန်းနေသူလည်း ဖြစ်ပါတယ်နော်..။ 

Photo credit - San Thit La's Fb Account
Photo credit - San Thit La's Fb Account

ချစ်စရာကောင်းလွန်းတဲ့ သူမရဲ့ သမီးလေးကိုလည်း အားလုံးက ပန်းသီးလေးလို့ ချစ်စနိုးခေါ်ကြပြီး တဖြည်းဖြည်းအရွယ်ရောက်လာပြီဖြစ်ကာ အသက်(၂)ကျော်ပြီလည်း ဖြစ်ပါတယ်နော်..။ ယနေ့မှာဆိုရင်တော့ ပန်းသီးလေးနဲ့ မေမေ ဆန်းသစ်လရဲ့ ပုခုံးထက်မှာ မှီရင်း အသည်းယားစရာကောင်းလောက်အောင် လုပ်ပြနေခဲ့တာပါ။ 

Photo credit - San Thit La's Fb Account
Photo credit - San Thit La's Fb Account

အရွယ်နဲ့ မလိုက်အောင် ချစ်စရာကောင်းအောင် ပြုမူတတ်တဲ့ သမီးလေးရဲ့ ပုံလေးတွေကို မေမေ ဆန်းသစ်လက လူမှုကွန်ယက်ထက်မှာ မျှဝေလာတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှု အချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ။ သမီးလေးရဲ့ ပုံလေးတွေအပြင် " မိုးလင်းက​နေ မိုးချုပ်ထိ ဒီမျက်နှာ​လေးကို ကြည့်လို့ကိုမဝနိုင်ဘူး မေ​မေ့ချစ်မဝလေး " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ 

Photo credit - San Thit La's Fb Account
Photo credit - San Thit La's Fb Account

Source & Photo credit - San Thit La's Fb Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။