ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေအားကျချစ်ခင်ကြရတဲ့ ချစ်သူစုံတွဲလေးကတော့ အဆိုတော်ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့စုံတွဲလေးပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးချစ်ခင်မှုတွေနဲ့ ဝန်းရံမှုတွေကို အခိုင်အမာရရှိထားကြတဲ့ သူတို့စုံတွဲလေးကတော့ တစ်ယောက်နဲ့တစ်ယောက် မြတ်နိုးကြင်နာမှုလေးတွေနဲ့ လက်တွဲလာခဲ့တာ ဆယ်နှစ်ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်နော်..။

Photo Credit - Kyaw Htut Swe's Fb Acc
Photo Credit - Kyaw Htut Swe's Fb Acc

ကျော်ထွဋ်ဆွေကတော့ ဒီကနေ့မှာကျရောက်လာတဲ့ ချစ်ရသူလေးနန်းသူဇာရဲ့ မွေးနေ့လေးမှာ ဆယ်နှစ်ကျော်ဖြတ်သန်းခဲ့တဲ့ အမှတ်တရလေးတွေနဲ့ ဆုတောင်းစကားလေး ဆိုလိုက်ပါတယ်နော်..။

ချစ်သူဖြစ်ခဲ့တဲ့ အဖြစ်အပျက်အမှတ်တရလေးတွေကိုပြောပြရင်း ဆယ်နှစ်ကျော်လက်တွဲခဲ့တဲ့အမှတ်တရလေးတွေနဲ့အတူ ဗီဒီယိုဖိုင်လေးနဲ့ ဆုတောင်းပေးထားတာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Kyaw Htut Swe's Fb Acc
Photo Credit - Kyaw Htut Swe's Fb Acc

"ဟိုးလွန်ခဲ့တဲ့ ၁၀နှစ်တာကာလလေးတုန်းကပေါ့။

တစ်ယောက်သောသူက သူ့မွေးနေ့ပွဲကိုလာဖို့

သူ့ယောကျာ်းလေး သူငယ်ချင်းလေးတစ်ယောက်ကို

ဖိတ်လိုက်ရာက ဇာတ်လမ်းလေးတစ်ပုဒ်စခဲ့ရတယ်

Happy Birthdayပါ တစ်ယောက်သောသူ.." ဆိုပြီး ချစ်ရသူလေးအတွက် မွေးနေ့ဆုတောင်းစကားလေးဆိုထားတာ ဖြစ်ပါတယ်နော်..။

ဗီဒီယိုဖိုင်လေးနဲ့အတူ မွေးနေ့ဆုတောင်းပေးထားတဲ့ ကျော်ထွဋ်ဆွေရဲ့ ဗီဒီယိုဖိုင်လေးအောက်မှာတော့ ပရိသတ်တွေကလည်း ဆုတောင်းစကားလေးတွေ ဆိုထားကြတာလည်း တွေ့ရပါတယ်နော်..။

Photo Credit - Kyaw Htut Swe's Fb Acc
Photo Credit - Kyaw Htut Swe's Fb Acc

Source & Photo Credit - Kyaw Htut Swe's Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။