ကမ္ဘာပေါ်မှာ ချစ်ဖို့အကောင်းဆုံးလို့ သတ်မှတ်ထားကြတဲ့ ခွေးပုမျိုးနွယ်စု ၅ မျိုး

//s9.kh1.co/b8/b8bd43b9269582b6f0ffd4f14cd855511779cb17.jpg
ဗဟုသုတအဖြာဖြာ

 ၀၂-ဒီ-၂၀၂၀ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာပေါ်မှာ ချစ်ဖို့ကောင်းတဲ့ ခွေးများစွာလဲရှိသလို ခွေးပုလေးများစွာလဲရှိကြပါတယ်။ အဲ့လိုခွေးတွေထဲကမှ ခုဖော်ပြသွားမဲ့ ခွေးတွေကတော့ ကမ္ဘာ့အပုဆုံး ခွေးတွေထဲက ထိပ်တန်း ၅ကောင်ပဲဖြစ်ပါတယ်။ King Charles Spaniel ဆိုတဲ့ခွေးဟာဆိုရင်တော့ အရှေ့ Asia မှာပထမဆုံးတွေ့ရှိခဲ့ရပြီး Eupore မှာဆိုရင်တော့ ၁၆ရာစုမှ တွေ့ရှိခဲ့ရတဲ့ ခွေးပဲဖြစ်ပါတယ်။ ဘာလို့အဲ့ခွေးကို အဲ့ဒီ King Charles Spaniel လို့ပေးလဲဆိုတော့ Great Britain ရဲ့ ဘုရင် Charles II ဟာ စတင်ခေါ်ယူခဲ့လိုဖြစ်ကာ တော်ဝင်မျိုးနွယ်တွေနဲ့ဆက်စပ်ထားခဲ့တာကြောင့်ဖြစ်ပါတယ်။ Maltese ဆိုတဲ့ ခွေးလေးကတော့ အရမ်းကိုချစ်ဖို့ကောင်းပြီး အသည်းယားစရာလေးပါ။ 

https://s9.kh1.co/__image/w=600,h=400,q=100/aa/aa1681b00f62d2bd06f1819a2ed5f2bdc54cf24c.jpg
https://s9.kh1.co/__image/w=600,h=400,q=100/27/27f52ead299bc98f28cde3b9024d50e09fd948e1.jpg

အဲ့ခွေးလေးတွေကတော့ Spitz ဆိုတဲ့ခွေးမျိုးနွယ်ကနေ သားဖောက်ထားကြတာဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ အဲ့ခွေးလေးတွေဟာဆိုရင်လဲ Asia မှာအရင်ဆုံးတွေ့ရှိခဲ့တာဖြစ်ပြီး နောက်ပိုင်းကြမှ Europe ထဲကိုရောက်ရှိလာတာဖြစ်ပါတယ်။ Asia မှာခွေးတွေတော်တော်မျိုးစိတ်ပေါ်တာပဲနော်...။ Yorkshire Terrier ဆိုတဲ့ခွေးလေးကတော့ အင်္ဂလန်နိုင်ငံ Yorkshire မှာစတင်ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ခွေးလေးဟာဆိုရင် ၇ပေါင်ပဲရှိကာ ၁၈၀၀လောက်တုန်းက တော်တော်များများဟာ အမဲလိုက်ဖို့အတွက် အသုံးခိုင်းခဲ့ရပါတယ်။ အဲ့ခွေးမျိုးစိတ်က ဘယ်ကစပေါ်လာလဲတော့မသိပေမဲ့ စိတ်ဝင်စားစရာ ကိစ္စတစ်ခုအဖြစ်ရှိနေခဲ့ပါတယ်။  

https://s9.kh1.co/__image/w=600,h=400,q=100/c4/c4f764c1268a02f3f455e5668170f9b769e8becc.jpg
https://s9.kh1.co/__image/w=600,h=400,q=100/ea/ea717b60808f99e0ce24ff53b853753f903386cc.jpg

Bichon Frise ခွေးလေးကတော့ ပြင်သစ်ကခွေးမျိုးစိတ်ပဲဖြစ်ပါတယ်။ Bichon ရဲ့ မူလမျိုးစိတ်က Spain ခွေးတွေပဲဖြစ်ကာ နောက်ကျမှ ပြင်သစ်တွေက Bichon Frise ဆိုတဲ့ ခွေးမျိုးကိုစိတ်ကို ဖောက်ခဲ့တာပဲဖြစ်ပါတယ်။ အခုချိန်မှာတော့ အဲ့မျိုးစိတ်ကို ၄မျိုးခွဲခြားထားလိုက်ပြီဖြစ်ကာ သူတို့တွေကတော့ Bichon Frise, Maltese, Havanese, နဲ့ Bolognaise တို့ပဲဖြစ်ပါတယ်။ Boston Terrier ဆိုတဲ့ခွေးမျိုးကတော့ Bull နဲ့ Terrier တို့နဲ့ သားဖောက်ထားတာပဲဖြစ်ပါတယ်။ ပေါ်ထွက်လာတဲ့ချိန်ကတော့ ၁၉ရာစုအနောက်ပိုင်းနဲ့ ၂၀ရာစု အရှေ့ပိုင်းလောက်တို့မှာ စတင်ပေါ်လာခဲ့ကြတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=600,h=400,q=100/14/14709b3cf95fcad4b11462af6b77d8b040143079.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T