ပိုးဟပ် ကြမ်းပိုး အင်းဆက်အမျိုးမျိုးဟာ လူတွေကို စိတ်အနှောင့်အယှက်လဲပေးသလို ပုံစံတွေကလဲ ကြောက်ဖို့ကောင်းသလို ဘာတေါမှန်းကိုမသိပါဘူး။ ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလဲဆိုရင် ယောကျ်ားလေးတွေတောင် ကြောက်ရပါတယ်။ စိတ်ပျက်စရာအကောင်တွေက အမြဲတမ်းလိုလို လူတွေနားမှာရှိနေတတ်ပါတယ်။ အဲ့လိုတွေထဲမှ အန္တရာယ်လဲရှိသလို စိတ်ထဲဂနာမငြိမ်ဖြစ်စေတဲ့ အကောင်တွေကို ဖော်ပြသွားပါမယ်။ Banana Spider လိုလူသိများတဲ့ ပင့်ကူဟာဆိုရင် ကမ္ဘာပေါ်မှာ အဆိပ်အရှိဆုံး ပင့်ကူတွေထဲက တစ်ကောင်ဖြစ်ပါတယ်။
ဂင်းနစ်စာအုပ်ထဲမှာတော့ အဲ့ပင့်ကူဟာဆိုရင် နှစ်တော်တော်များများမှာ အဆိပ်အရှိဆုံး ပင့်ကူဖြစ်ခဲ့ပါတယ်။ သူတို့တွေရဲ့ ကိုက်ချက်ဟာ ကလေးတွေနဲ့ အရွယ်ရောက်ပြီတာသူတွေကို သေစေပါတယ်။ အဲ့ပင့်ကူမျိုးဆက်တွေအကုန်လုံးက Brazil မှာပဲရှိပါတယ်။ လူတစ်ယောက်ကတော့ " ကျွန်တော်သာလျှင် ဒီပင့်ကူကို လက်မောင်းပေါ်တင်တာလား " ဆိုပြီးပုံရိုက်ခဲ့ပါတယ်။ ယင်ကောင်တွေထဲမှာ Tsetse ဆိုတဲ့ ယင်ကောင်ကတော့ သူ့ကိုက်ရင် အိပ်မပျော်တဲ့ရောဂါရစေပြီး မကုသရင်သေစေနိုင်ပါတယ်။ အာ့ကြောင့် သူသင့်ကိုမသတ်ခင်မှာ သင်သူ့ကိုသတ်ပါ။
ခြင်....ခြင်ဆိုတာ ပရိသတ်ကြီးသိတဲ့အတိုင်းပါပဲ....သူကြောင့်ပဲ လူတွေသေဆုံးရတာများပါတယ်။ အာ့ကြောင့် ခြင်ရန်ကနေ ဝေးအောင် ဂရုစိုက်ပါ။ Dobsonfly အထီတွေဟာ ၁လက်မထိ ကြီးမာနိုင်ပြီး သူတို့က လူတွေကိုတော့ မထိခိုက်စေဘူးဗျ...ဒါပေမဲ့ ပုံစံက ကြောက်ဖို့ကောင်းပါတယ်။ ဒါပေမဲ့ အမတွေစိတ်ရှုပ်လာပြီဆိုရင် သူတို့တွေဟာ အနံတမျိုးကိုထုတ်ပြီး အစာရှာပေးတတ်ကြပါတယ်။ Bed Bug လိုခေါ်တဲ့ အိပ်ရာထဲကောင် ပိုးကောင်လေးဟာဆိုရင် သင်အိပ်ရာအနားမှာမရှိပါစေနဲ့။ သူတို့က သင်သွေးကိုပဲ စားသုံးတာမဟုတ်ပါဘူး....များစွာသော ဥတွေဥပြီး ရက်ပိုင်းအတွင်းဖွားစေလို့ပါ။
သတင်း အရင်းအမြစ်៖ Bloggers Arena