ပင်လယ်အောက်မှာ ရှင်သန်သွားလာနေကြပြီး ပညာရှင်တွေတောင် အံ့ဩကြရတဲ့ ရေအောက်သတ္တဝါများ

//s9.kh1.co/69/6983c067a8a0f0ae0ef79331a965b1f61d37961b.jpg
ဗဟုသုတအဖြာဖြာ

 ၀၄-ဒီ-၂၀၂၀ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ကျွန်တော်တို့ ဒီကမ္ဘာကြီးရဲ့ သမုဒ္ဒရာရဲ့အောက်ခြေမှာ ထူးဆန်တဲ့ သက်ရှိမျိုးစိတ်တွေ အများကြီးရှိကြပါတယ်။ တချို့မျိုးစိတ်တွေဆို ယနေ့တိုင် ခွဲခြားလို့မရသေးပါဘူး။ ပြီးတော့ ကမ္ဘာရဲ့ ရေအပိုင်းကိုလဲ တဝက်တောင်မှ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါဘူး။ အဲ့လိုတွေကြောင့် ဒီသမုဒ္ဒရာရဲ့အောက်မှာ ဘာတွေရှိနိုင်လဲဆိုတာ စဉ်းစားစရာတွေဖြစ်လာပါတယ်။ အဲ့လို သမုဒ္ဒရာရဲ့အောက်ခြေမှာရှိနေပြီ ဖြစ်ပေါ်နေတဲ့ အရာတွေကို လူတွေက video တွေ ဓာတ်ပုံတွေနဲ့ ပြောပြလေ့ရှိပါတယ်။ 

https://s9.kh1.co/__image/w=600,h=402,q=100/6b/6b49867323bbbeef63497ddb6565290df0ea45f5.jpg
https://s9.kh1.co/__image/w=600,h=569,q=100/59/592ee7177aea70eef492d0d56ee20bcad3241d64.jpg

ပင်လယ်ကြီးရဲ့အောက်မှာ ကျယ်လောင်ဆူညံ့စွာ အသံတွေထွက်ကာ ၄၃ပေရှိပြီး ပေါင်၁၀၀၀ အလေးချိန်ရှိတဲ့ ရေဘဝဲကြီးဟာ ယနေ့ချိန်မှာ မြင်နိုင်ဖို့ ခတ်ခဲသွားပေမဲ့ ရှိနေကြတုန်းပါ။ နောက်ထပ်ရေအောက်သတ္တဝါကတော့ မျက်စိတစ်လုံးက သင့်ခေါင်းထက်ကြီးမှာပြီး ခြေချောင်း၂၅ချောင်းပါတယ် ပြည်ကြီးငါးကြီးပဲ ဖြစ်ကာ အဲ့ကောင်တွေကတော့ Antarctic သမုဒ္ဒရာထဲမှာ နေထိုင်ပါတယ်။ နောက်ထူးဆန်းကောင်ကတော့ Dragon-fish လိုခေါ်တဲ့ငါးတစ်မျိုးပဲဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=600,h=337,q=100/06/068f71290743c4e74f5e18a739d196148446409a.jpg
https://s9.kh1.co/__image/w=600,h=363,q=100/f2/f2f45d075f867295ecc660bdcda02e7a17b223af.jpg

အဲ့ငါးရဲ့အချက်အလက်တွေကိုတော့ လူတွေမသိကြသေးပါဘူး။ ရေအောက်ထဲကထူးဆန်းဆုံးလို့ပြောလို့ရမဲ့ ငါးကတော့ Macropinna Microstoma လို့ခေါ်တဲ့ငါးပဲဖြစ်ပါတယ်။ သူရဲ့ခေါင်းပိုင်းက ကြည်လင်နေပြီး အတွင်းကိုတောင်မြင်နေရပါတယ်။ အင်မတန်ထူးဆန်ပါတယ်။ ရေအောက်မှာလဲ ဘယ်လိုသက်ရှိတွေရှိအုန်းမလဲဆို ကျွန်တော်တို့ မသိနိုင်ကြပါဘူး။ ရေအောက်မှာ ငါးအပြင် ရုပ်ရှင်ကားတွေထဲကလို့ ဂြိုလ်သားတွေ ဘာတွေရှိနေသေးရင်ရော........။ 

https://s9.kh1.co/__image/w=600,h=399,q=100/b9/b9ff5f2992dc2535ee6e7c51623ca1a0f7f5df89.jpg
https://s9.kh1.co/__image/w=600,h=518,q=100/6a/6abdbebc2e6fb2d55fbc7082c9db9f1edcd5cd6f.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T