ရုတ်တရက်လေဖြန်းပြီး မျက်လုံးနဲ့ပါးတစ်ခြမ်းထိခိုက်သွားတဲ့ လူရွှင်တော်ငြိမ်းချမ်း

//s9.kh1.co/37/379283d13a4a4554657cdae4da29e9fd8ec07cd2.jpg
အနုပညာရှင်များ

 ၀၅-ဒီ-၂၀၂၀ ၇pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ဟာသသရုပ်ဆောင်လူရွှင်တော်ငြိမ်းချမ်းကတော့ ရယ်စရာဟာသလေးတွေနဲ့ ဆယ်စုနှစ်တွေကတည်းက ပရိသတ်တွေကို အားပေးချစ်ခင်စေသူပဲ ဖြစ်ပါတယ်နော်..။

အသက်အရွယ်ရလာပြီး အနုပညာအလုပ်တွေနည်းပါးသွားပေမယ့် ပရိသတ်တွေရဲ့ အချစ်တွေကို ဆက်လက်ပိုင်ဆိုင်ထားသလို ဒိန်းဒေါင်နဲ့အတူ ပရဟိတအလုပ်တွေကို လုပ်ဆောင်နေပါတယ်နော်..။

Photo Credit - Nyein Chan's Fb Acc & ရှိုင်းရှိုင်း ဗီဒီယို+ဓာတ်ပုံ
Photo Credit - Nyein Chan's Fb Acc & ရှိုင်းရှိုင်း ဗီဒီယို+ဓာတ်ပုံ
Photo Credit - Nyein Chan's Fb Acc
Photo Credit - Nyein Chan's Fb Acc

လူရွှင်တော်ငြိမ်းချမ်းကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ရုတ်တရက်လေဖြန်းပြီး မျက်လုံးတစ်ဖက်နဲ့ပါးတစ်ခြမ်း ထိခိုက်သွားခဲ့တဲ့အကြောင်းလေးကို စိတ်မကောင်းစွာနဲ့ ပြောပြလာပါတယ်နော်..။

"လပြည့်နေ့က ရွှေတိဂုံဘုရားသွား ကောင်းမှုကိုသ်ုလ်လုပ်ပြီး ပြန်လာမှမထင်မှတ်ဘဲ မျက်နှာတခြမ်း လေဖြန်းသွားတယ် ညာဘက်မျက်လုံးနဲ့ ပါးတခြမ်းထိသွားတယ်.." ထိသွားတယ်ဆိုပြီး ရုတ်တရက်ဖြစ်သွားခဲ့တဲ့ သူ့ရဲ့ကျန်းမာရေးအခြေအနေလေးကို ပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Nyein Chan's Fb Acc
Photo Credit - Nyein Chan's Fb Acc
Photo Credit - Nyein Chan's Fb Acc
Photo Credit - Nyein Chan's Fb Acc

"ခုထိတော့ သိပ်မကောင်းသေးဘူးဗျာ.." ဆိုပြီး လတ်တလောအခြေအနေလေးကိုလည်း ဦးငြိမ်းချမ်းက ထပ်မံပြောပြထားပြီး ပရိသတ်တွေကလည်း အားပေးစကားလေးတွေ ပြောထားကြတာ တွေ့ရပါတယ်နော်..။

ပရိသတ်တွေနဲ့ အနုပညာရှင်ညီအစ်ကိုမောင်နှတွေကလည်း စိတ်ပူနေကြပြီး ဦးငြိမ်းချမ်းတစ်ယောက် အမြန်ဆုံး ပြန်လည်နေကောင်းစေဖို့ ဆုတောင်းစကားလေးတွေလည်း ပြောထားကြပါတယ်နော်..။

Photo Credit - Nyein Chan's Fb Acc
Photo Credit - Nyein Chan's Fb Acc

သတင်း အရင်းအမြစ်Nyein Chan's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T