လူသားတွေအနီးမှာ ရန်လာရှာလို့ ဟင်းချက်စရာဖြစ်သွားရတဲ့ ဧရာမမြွေကြီး

//s9.kh1.co/c1/c15209550d1c1836dd810aa1067353148cdb4971.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-ဒီ-၂၀၂၀ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာတော့ အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့ဖူးတဲ့ ထူးထူးဆန်းဆန်းဖြစ်ရပ်လေးတစ်ခုကို ဖော်ပြပေးချင်ပါတယ်။

ဒီဖြစ်ရပ်လေးကတော့ လမ်းရှေ့မှာပိတ်နေတဲ့ 23ပေရှည်တဲ့ ဧရာမမြွေကြီးတစ်ကောင်နဲ့ တိုက်ခိုက်ခဲ့တဲ့ Robert Nababan ဆိုသူ အမျိုးသားရဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။

Photo credit - elitereaders
Photo credit - elitereaders

ဖြစ်ပုံကတော့ Robert ဟာတစ်ရက်အိမ်ပြန်လာစဥ် လမ်းမှာမြွေကြီးတစ်ကောင်က ပိတ်နေတာကြောင့် တိုက်ခိုက်ခဲ့တာဖြစ်ပြီး သူ့ရဲ့လက်တစ်ဖက်ဟာ မြွေကြီးကိုက်တာ ခံခဲ့ရပါတယ်။

သို့ပေမယ့် Robert နဲ့ မြွေကြီး လုံးထွေးသတ်ပုတ်နေစဥ်အချိန်အတွင်းမှာပဲ ရွာသားတွေအချိန်မီရောက်လာခဲ့တာကြောင့် Robert ကိုလည်း ကယ်တင်နိုင်ခဲ့သလို မြွေကြီးကိုလည်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။

Robert ကတော့ မြွေကြီးရဲ့တိုက်ခိုက်မှုကြောင့် မသေရုံတမယ် ဒဏ်ရာတွေရရှိတာကြောင့် ဆေးရုံကိုပို့ပီး ဆေးကုသပေးခဲ့တယ်လို့သိရပါတယ်။

Photo credit - elitereaders
Photo credit - elitereaders
Photo credit - elitereaders
Photo credit - elitereaders

မြွေကြီးကတော့ ရွာသားတွေရဲ့ တိုက်ခိုက်မှုဒဏ်ကို အကြာကြီးတောင့်မခံနိုင်ခဲ့ပဲ အသက်သေဆုံးသွားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ရွာသွားတွေဟာ မြွေကြီးကို ကြိုးတန်းသဖွယ် ပြုလုပ်ထားခဲ့ပြီး ကလေးတွေကတောင် ၄င်းမြွေကြီးအလောင်းပေါ်မှာ တက်ဆော့ခဲ့ကြပါသေးတယ်။

အဲ့ဒီနောက်မှာတော့ ရွာသားတွေဟာ မြွေကြီးကို အညီအမျှ ခုတ်ပိုင်းပြီး ခွဲဝေကာ ချက်ပြုတ်စားသောက်ခဲ့ကြတယ်လို့ သိရပါတယ်။

လူတွေရဲ့နီးနာအရပ်မှာ ရန်လာရှာတဲ့ မြွေကြီးရဲ့ဇာတ်သိမ်းကတော့ ရွာသွားတွေရဲ့ ဟင်းတစ်ခွက်ဖြစ်လို့သွားခဲ့ပါတယ်။

Photo credit - elitereaders
Photo credit - elitereaders
Photo credit - elitereaders
Photo credit - elitereaders

သတင်း အရင်းအမြစ်

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T