ချစ်ခင်လေးစားရတဲ့ သူတွေကို ကြော်ငြာခေါ်ရိုက်ပြီး ကန်တော့ခွင့်ရလို့ ဝမ်းသာပီတိ ဖြစ်နေတဲ့ ဖြူဖြူထွေး

//s9.kh1.co/84/845cc32a1410bd1f1322d71a661327bd30859eb7.jpg
အနုပညာရှင်များ

 ၀၅-ဒီ-၂၀၂၀ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ရိုးသားဖြူစင်ပြီး စိတ်သဘောထားပြည့်ဝသူလေးအဖြစ် ပရိသတ်တွေရဲ့ လေးစားချစ်ခင်နေရတဲ့ သူလေးကတော့ မင်းသမီးချောလေး ဖြူဖြူထွေးပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးကတော့ ယုံကြည်ရာ အနုပညာအလုပ်တွေကို အကောင်းဆုံးကြိုးလုပ်ကိုင်လာသူလေးပဲ ဖြစ်ပါတယ်။သူမဟာ အချိန်အတိုတွင်း အောင်မြင်လာကာ ကြော်ငြာတွေကို မနားတမ်းရိုက်ကူးနေရတာကို တွေ့ရပါတယ်။

Photo Credit- Phyu Phyu Htwe fb account
Photo Credit- Phyu Phyu Htwe fb account
Photo Credit- Phyu Phyu Htwe fb account
Photo Credit- Phyu Phyu Htwe fb account

သူမကြော်ငြာရိုက်ကူးရင်လည်း ငယ်ငယ်လေးကတည်းက ချစ်ခင်အားပေးရတဲ့ ဝါရင့်သရုပ်ဆောင် ဇာတ်ပို့ဇာတ်ရံ တွေကိုခေါ်ပြီးရိုက်ကူးတာဖြစ်ပါတယ်။ ဒါ့အပြင် ဖြူဖြူထွေးက ကြော်ငြာတွေရိုက်ကူးပြီးရင်လည်း သူနဲ့ အတူသရုပ်ဆောင်တဲ့ ဝါရင်သရုပ်ဆောင်တွေကို အနုပညာကြေးအပြင် စားသောက်စရာတွေပါ ဂါဝရပြု ကန်တော့တာ တွေ့ရပါတယ်။ ယခုမှာလည်း ဖြူဖြူထွေးက ပရိသတ်တွေ သဘောကျချစ်ခင်ရမယ့် ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit- Phyu Phyu Htwe fb account
Photo Credit- Phyu Phyu Htwe fb account
Photo Credit- Phyu Phyu Htwe fb account
Photo Credit- Phyu Phyu Htwe fb account

ဒီပုံလေးတွေကတော့ ဖြူဖြူထွေးက ကြော်ငြာရိုက်ကူးရေးအပြီးမှာ ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ ဦးဝင်းမြိုင်နဲ့ ဦးကံပွင့်အပြင် အခြားအနုပညာရှင်တွေကို အစဥ်လာမပျက် ကန်တော့ခဲ့တာ ဖြစ်ပါတယ်။ ရိုသေထိုက်သူတွေကို ကြော်ငြာရိုက်ပြီးတိုင်း ကန်တော့ခဲ့တာဟာ တကယ့်ကို မွန်မြတ်လှပါတယ်။ ချစ်ပရိသတ်တွေလည်း ဖြူဖြူထွေးရဲ့ လေးစားအတုယူစရာ အပြူအမူလေးကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။

သတင်း အရင်းအမြစ်Source - Phyu Phyu Htwe fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T